သေနတ်သမားလွတ်နေဆဲ ဖြစ်တယ်လို့ ဒေသခံရဲကပြော

 သေနတ်သမားကြောင့် ထိခိုက် ဒဏ်ရာရသူတွေရှိ
အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်၊ ပါ့ခ်လဲန် Parkland က အထက်တန်းကျောင်းမှာ သေနတ်ပစ်မှု ဖြစ်ခဲ့ပြီး သေနတ်သမား လွတ်မြောက် နေဆဲ ဖြစ်တဲ့ အတွက် ရဲတပ်ဖွဲ့က တုံ့ပြန် ကိုင်တွယ် နေပါတယ်။

Stoneman Douglas ဆိုတဲ့ အထက်တန်းကျောင်း ဖြစ်ရပ်အပေါ် ဆက်လက် ကိုင်တွယ်နေတယ် ဆိုပြီး ဒေသခံ Broward ရဲ ဌာနက ပြောပါတယ်။

သေနတ်သမားကြောင့် ထိခိုက် ဒဏ်ရာရသူတွေ ရှိတယ် ဆိုတဲ့ သတင်းတွေ ရထားသလို၊ သေနတ်သမား လွတ်မြောက်နေဆဲ ဖြစ်လို့ အခင်းဖြစ်ရာ အရပ်ကို မသွားကြဖို့ အများပြည်သူကို သတိပေးထားတယ် လို့လည်း ဆိုပါတယ်။
 ကျောင်းပရိဝဏ်ထဲ လူတချို့ ဆက်လက်ရှိနေ
ရဟတ်ယာဉ်ပေါ်က ရိုက်ထားတဲ့ ဗီဒီယိုတွေ အရ ဒဏ်ရာ ရသူတချို့ကို ကျောင်းဝင်း အပြင်ဘက်မှာ ကုသမှုပေးနေတာတွေ တွေ့ရပါတယ်။

ကျောင်း ပရဝဏ်ထဲ ဆက်လက် ရှိနေဆဲလို့ ယူဆရသူတွေဆီက ရေးတင်တာ တချို့လည်း တွစ်တာ လူမှုကွန်ရက်ပေါ် ရောက်လာပါတယ်။

ဗီရိုထဲ ပုန်းနေရတယ် ဆိုတဲ့ အရေးအသားမျိုး တွေ့ရပြီး ဒါဟာ တကယ်ပဲ ကျောင်း အဆောက်အဦထဲက သူတစ်ဦး ရေးတာလား ဆိုတာကိုတော့ ဘီဘီစီ အနေနဲ့ ဆန်းစစ်နိုင်ခြင်း မရှိသေးပါဘူး။
အမေရိကန်ကျောင်းတွေ လုံခြု့ရေး အရေးကြီးကျောင်း ထရမ့်ပြော
သမ္မတ ထရမ့်ကလည်း ဒဏ်ရာရသူတွေနဲ့ သက်ဆိုင်ရာ မိသားစု အတွက် စိတ်မကောင်း ဖြစ်ရကြောင်း၊ အမေရိကန် ကျောင်းတွေမှာ ကလေးတွေနဲ့ ဆရာတွေ အပါအဝင် ဘယ်သူမှ မလုံမခြုံ ဖြစ်ရတယ် ဆိုတဲ့ အခြေအနေမျိုး မရှိသင့်ကြောင်း တွစ်တာပေါ် ရေးသားလာပါတယ်။

BBC Burmese
http://www.bbc.com/burmese
သေနတ်သမားလွတ်နေဆဲ ဖြစ်တယ်လို့ ဒေသခံရဲကပြော သေနတ်သမားလွတ်နေဆဲ ဖြစ်တယ်လို့ ဒေသခံရဲကပြော Reviewed by THITHTOOLWIN on 06:31 Rating: 5
Powered by Blogger.