သဲကုန်းတွင် ကားနှစ်စီးပြိုင်မောင်းရာမှ တစ်စီးပက်လက်လန်ပြီး တစ်စီးမီးလောင်၊ (၁၀)ဦးဒဏ်ရာရ


ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲ-သဲကုန်းလမ်းတွင် ကားနှစ်စီးပြိုင်မောင်းရာမှ တစ်စီးတိမ်းမှောက်ကာ တစ်စီးမှာ မီးလောင်ခဲ့ပြီး နှစ်ဖက်ယာဉ်ပေါ်ပါ လူ(၁၀)ဦးမှာ ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲနယ်မြေရဲစခန်းမှ သိရှိရသည်။

ဆင်မြီးဆွဲ-သဲကုန်း မိုင်တိုင်အမှတ် ၁၅/၇ နှင့် ၁၆/၁ အကြားတွင် ဖေဖော်ဝါရီ ၉ ရက်၊ ညနေ(၅)နာရီခန့်က ဆင် မြီးဆွဲဘက်မှ သဲကုန်းဘက်သို့မောင်းနှင်လာသော လိုက်ထရပ်ယာဉ်နှင့် ဟွန်ဒါဖစ်ယာဉ်တို့မှာ လမ်းလု၍ အပြိုင် အဆိုင်မောင်းနှင်ကြရာမှ လိုက်ထရပ်ယာဉ်မှာ လမ်းယာဘက်ရှိ လယ်ကွင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့ပြီး ဟွန်ဒါဖစ်ယာဉ်မှာ လမ်းယာဘက်ရှိ သစ်ပင်ကိုဝင်တိုက်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လမ်းလုပြီး ပြိုင်မောင်းတာကနေဖြစ်တာပါ။ တစ်စီးကတော့ မီးလောင်သွားတယ်။ ဒဏ်ရာရသူတွေကို ရဲဆေးစာနဲ့ ဆေးရုံပို့ပေးခဲ့ပါတယ်။ နှစ်ဖက်ယာဉ်မောင်း နှစ်ဦးစလုံးကို အရေးယူမှုတွေပြုလုပ်ထားပါတယ်။”ဟု ဆင်မြီးဆွဲနယ်မြေရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောသည်။


ယာဉ်တိုက်မှုကြောင့် နှစ်ဖက်ယာဉ်နှစ်စီးစလုံးမှ ဒဏ်ရာရသူ အမျိုးသား၊ အမျိုးသမီး(၁၀)ဦးအနက် ယာဉ်မောင်း (၂)ဦးအပါအဝင် (၆)ဦးမှာ စိုးရိမ်ရသည့်အနေအထားရှိနေကြောင်း သိရသည်။
မီးလောင်ကျွမ်းသည့် ဟွန်ဒါဖစ်ယာဉ်အား သဲကုန်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် လေးစီး၊ မီးသတ်တပ် ဖွဲ့ဝင်များ၊ ဒေသခံများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ယာဉ်တိုက်မှုနှင့် ပတ်သက်၍ အရှိန်ပြင်းစွာပြိုင်ဆိုင်မောင်းနှင်ပြီး ယာဉ်တိမ်းမှောက်ဒဏ်ရာများရရှိစေခဲ့သူ ယာဉ် မောင်းများဖြစ်ကြသည့် ကျော်ဝင်းနှင့် ပြည့်ဖြိုးအောင်တို့အား ဆင်မြီးဆွဲနယ်မြေရဲခစန်းက ယာဉ်(ပ) ၄/၂၀၁၈၊ ယာဉ်ပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့်အရေးယူမှုများပြုလုပ်ထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
သဲကုန်းတွင် ကားနှစ်စီးပြိုင်မောင်းရာမှ တစ်စီးပက်လက်လန်ပြီး တစ်စီးမီးလောင်၊ (၁၀)ဦးဒဏ်ရာရ သဲကုန်းတွင် ကားနှစ်စီးပြိုင်မောင်းရာမှ တစ်စီးပက်လက်လန်ပြီး တစ်စီးမီးလောင်၊ (၁၀)ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:08 Rating: 5
Powered by Blogger.