တပ်ကုန်းမြို့ နယ်မှာ အမျိုးသမီး ခလေးငယ် အလောင်း တစ်လောင်း တွေ့ရှိ


ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့ ရှောက်ကုန်းကျေးရွာအုပ်စု ရန်ကုန် - မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၂၇၃/၃-၄ကြား ရွှေဖလားဓါတ်ဆီဆိုင်အနီး ယာတဲ၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၁၅း၃၀ အချိန်ခန့် က အမျိုးသမီး ခလေးငယ် အလောင်းတစ်လောင်းတွေ့ရှိကြောင်း သိရသည်။

အခင်းဖြစ်ပွါးရာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ ရောက်ရှိကာ အလောင်းအား တပ်ကုန်းကုတင်(၁၀၀)သို့ ပို့ဆောင်ပေးကြောင်း သိရသည်။


အဆိုပါ သေဆုံးမှု အဖြစ်မှန် ပေါ်ပေါက်စေရေးအား သက်ဆိုင်ရာမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးနေသော ခလေးငယ်မှာ တပ်ကုန်းမြို့ မြဝတီရပ်ကွက် နယ်မြေ(၁၀/ခ)နေ ဦးမောင်ငွေ+ဒေါ်သန်းအေး တို့၏သမီး မငြိမ်းချမ်းအေး အသက်(၉)နှစ် ဖြစ်ကြောင်း အများပြည်သူများ သိစေရန်နှင့်အများပြည်သူ စိတ်ဝင်စားမည့် သတင်းဦးအနေဖြင့် တင်ပြအပ်သည်။

မှတ်ချက်-(သက်ငယ်မုဒိမ်းဟု ပြော၍မရသေး စစ်ဆေးဆောင်ရွက်နေစဲ)

ကိုမျိုး(ရွှေပေါက္ကံ)+အောင်ဒင်
မြန်မာ့အလင်းသတင်းစာ
သတင်းထောက်
ပြည်ထောင်စုနယ်မြေ နေပြည်တော်
တပ်ကုန်းမြို့ နယ်မှာ အမျိုးသမီး ခလေးငယ် အလောင်း တစ်လောင်း တွေ့ရှိ တပ်ကုန်းမြို့ နယ်မှာ အမျိုးသမီး ခလေးငယ် အလောင်း တစ်လောင်း တွေ့ရှိ Reviewed by THITHTOOLWIN on 10:05 Rating: 5
Powered by Blogger.