မော်လမြိုင်ရှိ စက်သုံးဆီဆိုင်မီးလောင်မှုဖြစ်ပွား၊ တစ်ဦး ဒဏ်ရာရရှိ


    ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ အောက်လမ်းမကြီး၊ သံလွင်ဈေးအရှေ့ စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွားပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မော်လမြိုင်နယ် မြေမီးသတ်စခန်း သိရသည်။

အဆိုပါ စက်သုံးဆီဆိုင်သည် ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က မီးလောင်မှုစတင်ဖြစ်ပွားပြီး မီးလောင်မှုကြောင့် နေအိမ် ၂ လုံး၊ ဈေးဆိုင်ခန်း ၁ ခန်းနှင့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ မီးလောင်ဆုံးရှုံးခဲ့ကြောင်း ၊မီးစတင်လောင်ကျွမ်းခဲ့သည့် အကြောင်းအရာများအား စုံစမ်းနေကြောင်း သိရသည်။

ယင်း စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၆စီး၊ မော်လမြိုင်နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် ၃စီး၊ မြိုင်သာယာမီးသတ်စခန်းမှ မီးသတ်ယာဉ် ၁စီး၊ စုစုပေါင်း မီးသတ်ယာဉ် ၁၀စီးဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိရာ နေ့လည် ၁နာရီ ၄၅မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နေလည် ၂နာရီအချိန် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
မော်လမြိုင်ရှိ စက်သုံးဆီဆိုင်မီးလောင်မှုဖြစ်ပွား၊ တစ်ဦး ဒဏ်ရာရရှိ  မော်လမြိုင်ရှိ စက်သုံးဆီဆိုင်မီးလောင်မှုဖြစ်ပွား၊ တစ်ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 19:59 Rating: 5
Powered by Blogger.