ကူဝိတ်နိုင်ငံကို ဖိလစ်ပိုင် အလုပ်သမားတွေ သွားခွင့် ပိတ်ပင်


ဖိလစ်ပိုင်နိုင်ငံသား အလုပ်သမားတွေအပေါ် နှိပ်စက်ညှဉ်းပန်းမှုတွေရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် ကူဝိတ်နိုင်ငံကို အလုပ်သမားတွေမပို့ဖို့ တားမြစ်ထားတဲ့အမိန့်ကို ထပ်ပြီး အချိန်တိုးမြှင့်လိုက်တယ်လို့ ဖိလစ်ပိုင် အလုပ်သမားဝန်ကြီး Mr Bello က ဒီနေ့ ကြေညာလိုက်ပါတယ်။

ကူဝိတ်နိုင်ငံကို သွားပြီး အလုပ်လုပ်ချင်သူတွေကို နောက်ထပ် ပါမစ်တွေ ထုတ်ပေးတော့မှာ မဟုတ်ဘဲ ပါမစ်ရရှိထားပြီး မသွားရသေးသူတွေကိုလည်း သွားခွင့်ပေးမှာ မဟုတ်တော့ဘူးလို့ Mr Bello က ပြောပါတယ်။

သမ္မတ ဒူတာတေး အမိန့်နဲ့ ဌာနေပြန်ချင်သူ ဖိလစ်ပိုင်နိုင်ငံသား ၂၂၀၀ ကို ပြန်လာနိုင်ဖို့ စီစဉ်ပေးမယ်လို့လည်း အလုပ်သမားဝန်ကြီးက စောစောပိုင်းက ပြောပါတယ်။

ဖိလစ်ပိုင်လေကြောင်းနဲ့ ဆီဘူး ပစ္စဖိတ် လေကြောင်းလိုင်းတွေက သမ္မတ ဒူတာတေးရဲ့ မေတ္တာရပ်ခံချက်အရ ဖိလစ်ပိုင်နိုင်ငံ ပြန်ချင်သူ ဖိလစ်ပိုင်နိုင်ငံသား ၅၀၀ ကို ပထမအသုတ်အဖြစ် စားရိတ်ငြိမ်း ပြန်ခေါ်မယ်လို့ သိရပါတယ်။

ကူဝိတ် နိုင်ငံမှာ အိမ်ဖေါ်နဲ့ ဆောက်လုပ်ရေးလုပ်သားတွေ အဖြစ် အလုပ်လုပ်နေကြတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၂သိန်းခွဲလောက်ရှိသလို UAE ၊ ဆော်ဒီနဲ့ ကာတာနိုင်ငံတွေမှာလည်း အများအပြားရှိနေပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ကူဝိတ်နိုင်ငံကို ဖိလစ်ပိုင် အလုပ်သမားတွေ သွားခွင့် ပိတ်ပင် ကူဝိတ်နိုင်ငံကို ဖိလစ်ပိုင် အလုပ်သမားတွေ သွားခွင့် ပိတ်ပင် Reviewed by THITHTOOLWIN on 08:20 Rating: 5
Powered by Blogger.