တရုတ်ပြည်ဘက်သို့ အလုပ်လုပ်ကိုင်ရန် ၅၂ ဦးအား တရားမဝင် ခေါ်ဆောင်လာသူ၂ ဦးကို ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒဖြင့် အရေးယူ

တရုတ်ပြည်ဘက်သို့ အလုပ်လုပ်ကိုင်ရန် ၅၂ ဦးအား တရားမဝင် ခေါ်ဆောင်လာသူ၂ ဦးကို ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒဖြင့် အရေးယူ
ဖေဖေါ်ဝါရီ ၂၂ ။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောရွာ၊ Asia Worldတိုးဂိတ်အနီးတွင် အမှတ်(၁၁)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မန္တလေး)မှ ဖေဖေါ်ဝါရီ၂၁ ရက် ညနေ ၃ နာရီက သတင်းအရ စောင့်ဆိုင်းနေစဉ် ကြယ်တံခွန် မှန်လုံယာဉ်ဖြင့် အမျိုးသား ၊ အမျိုးသမီး ၅၂ဦးကို တရုတ်ပြည်သို့ အလုပ်လုပ်ကိုင်ရန် တရားမဝင်ခေါ်ဆောင်လာသူ ၂ ဦးကို ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းတပ်ဖွဲ့မှ သိရသည်။

“ပြည်ပကို အလုပ်လုပ်ကိုင်ဖို့ ခေါ်ယူရာမှာ တရားဝင် အကျိုးဆောင် လိုင်စင်မရှိဘဲ အမျိုးသား ၄၄ ဦးနှဲ့ အမျိုး သမီး ၈ ဦးကို တရုတ်ပြည် ပရိဘောဂစက်ရုံမှာ အလုပ်လုပ်ကိုင်ဖို့ ငွေကြေးလက်ခံရယူပြီး မြင်းခြံနယ်ဘက်က ခေါ်လာတာပါ”ဟု ၄င်းတပ်ဖွဲ့မှ ရဲအုပ်မြင့်သိန်းကပြောသည်။


စစ်ဆေးခဲ့ရာတွင် တရုတ်နိုင်ငံ၊ ဟွေ့ကျုံးပြည်နယ်၊ တုံကွမ်မြို့ရှိ ပရိဘောဂစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြင်းခြံမြို့နယ်၊ ကူရွာနေ ကိုကျော်စိုးလင်းနှင့် မကျီးသမျှားကျေးရွာနေ ကိုအောင်လင်း တို့က အဆိုပါ စက်ရုံတွင် တလလျင် လုပ်အားခ ကျပ်ငါးသိန်းရရှိကြောင်း ပြောကြားကာ
ကိုကျော်စိုးလင်းက ၂၆ ဦးအား တစ်ဦးလျင် ခရီးစရိတ် (၅၂၀၀၀၀)ကျပ်နှင့် ကိုအောင်လင်းက ၂၆ ဦးထံမှ တစ်ဦးလျင် ကျပ် (၅၅၀၀၀၀)ငွေကြေးရယူ ခေါ်ဆောင်လာ ကြောင်းသိရသည်။

“အလုပ်လုပ်ဖို့ ခေါ်ခံရတဲ့ ၅၂ ဦးကို အုန်းချောရွာ အုပ်ချုပ်ရေးမှု အကူအညီနဲ့ အုန်းချောရွာ ဓမ္မာရုံမှာ စောင့်ရှောက်ပြီးတော့ ပြည်ပသွားပြီး အလုပ်လုပ်ရင် တွေ့ကြုံနိုင်တဲ့ အန္တရာယ်တွေကို ပညာပေးခဲ့ပါတယ်။”ဟု ဆက်လက် ပြောကြားသည်။


တရားဝင်လိုင်စင်မရှိဘဲ အလုပ်သမားစုဆောင်း သယ်ဆောင်လာသူ ကိုကျော်စိုးလင်းနှင့် ကိုအောင်လင်းတို့ အား ဥပဒေအရ အရေးယူရန် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးမှ ရဲအုပ် မြင့်သိန်းကတရားလို ပြုလုပ်တိုင်တန်း ခဲ့ပြီး ပုသိမ်ကြီးမြို့နယ် အုန်းချောနယ်မြေရဲစခန်းတွင် (ပ) ၂၇/၂၀၁၈ ။ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေ ပုဒ်မ-၂၆ ဖြင့် ဖေဖေါ်ဝါရီ ၂၂ ရက်နေ့က အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Mandalay News
https://www.facebook.com/lin.aung.777/
တရုတ်ပြည်ဘက်သို့ အလုပ်လုပ်ကိုင်ရန် ၅၂ ဦးအား တရားမဝင် ခေါ်ဆောင်လာသူ၂ ဦးကို ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒဖြင့် အရေးယူ တရုတ်ပြည်ဘက်သို့ အလုပ်လုပ်ကိုင်ရန် ၅၂ ဦးအား တရားမဝင် ခေါ်ဆောင်လာသူ၂ ဦးကို ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒဖြင့် အရေးယူ Reviewed by THITHTOOLWIN on 13:38 Rating: 5
Powered by Blogger.