မြောက်ကိုးရီးယား စစ်ဗိုလ်ချုပ် လာမယ့်ကိစ္စ တောင်ကိုးရီးယား လွှတ်တော်အမတ်များ ဆန္ဒပြ

မြောက်ကိုးရီးယား စစ်ဗိုလ်ချုပ် လာမယ့်ကိစ္စ တောင်ကိုးရီးယား လွှတ်တော်အမတ်များ ဆန္ဒပြ
တောင်ကိုးရီးယားနိုင်ငံက ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော် ပိတ်ပွဲကို မြောက်ကိုးရီးယား စစ်ဗိုလ်ချုပ်တစ်ယောက် တက်ရောက်လာမယ့်ကိစ္စကို တောင်ကိုးရီးယား လွှတ်တော် ကိုယ်စားလှယ်တွေ ဒီနေ့ ဆန္ဒပြကြပါတယ်။

တောင်ကိုးရီးယား ကွန်ဆာဗေးတစ်လေဘာတီက လွှတ်တော်အမတ် ၇၀ လောက်ဟာ သမ္မတ မွန်ဂျေးအင်ရဲ့ အိမ်တော်ရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

အဲဒီ မြောက်ကိုးရီးယား စစ်ဗိုလ်ချုပ် ကင်မ်ယောင်ချိုဟာ ၂၀၁၀ ခုနှစ်က လူ ၄၆ ဦး သေဆုံးခဲ့ရတဲ့ တောင်ကိုးရီးယား စစ်သင်္ဘောနစ်မြုပ်မှုအတွက် တာဝန်ရှိသူဖြစ်သလို တောင်ကိုးရီးယားကို တိုက်ခိုက်မှု အမြောက်အများလုပ်ခဲ့သူလို့လည်း ပြောကြပါတယ်။

ကင်မ်ယောင်ချိုဟာ တောင်ကိုးရီးယားကို တိုက်ခိုက်နေတဲ့ စစ်ရာဇဝတ်ကောင် တစ်ယောက်ဖြစ်တဲ့အတွက် သူ့ကို လမ်းမပေါ်မှာ ကြိုးပေးသတ်သင့်ပါတယ်လို့ ပါတီခေါင်းဆောင်တစ်ယောက်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တောင်ကိုးရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနပြောခွင့်ရသူ ဘိတ်တေးဟန်ကတော့ ကင်မ်ယောင်ချို အိုလံပစ်ပွဲတက်ရောက်တဲ့အတွက် မကျေနပ်မှုတွေဖြစ်လာမယ်ဆိုတာ သိပေမယ့် နှစ်နိုင်ငံဆက်ဆံရေးနဲ့ ငြိမ်းချမ်းရေး တိုးတက်လာစေနိုင်တဲ့ အခွင့်အရေးရှိတဲ့အတွက် လက်ခံခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

(တောင်ကိုးရီးယားနိုင်ငံမှာ ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော် ကျင်းပနေတာကို တွေ့ရစဉ်)
RFA Burmese
https://www.facebook.com/rfaburmese
မြောက်ကိုးရီးယား စစ်ဗိုလ်ချုပ် လာမယ့်ကိစ္စ တောင်ကိုးရီးယား လွှတ်တော်အမတ်များ ဆန္ဒပြ မြောက်ကိုးရီးယား စစ်ဗိုလ်ချုပ် လာမယ့်ကိစ္စ တောင်ကိုးရီးယား လွှတ်တော်အမတ်များ ဆန္ဒပြ Reviewed by THITHTOOLWIN on 21:52 Rating: 5
Powered by Blogger.