မြောက်ဒဂုံ မီးလောင်မှု အိမ်ခြေ ၃၂ လုံး ဆုံးရှုံး

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား
ရန်ကုန် ဖေဖော်ဝါရီ ၂၃

ရန်ကုန်အရှေပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၅၁)ရပ်ကွက်၊ အောင်သစ္စာလမ်းရှိ သပြေခြံကျူးကျော်တဲမှ ကိုကောင်းမြတ်၏ နေအိမ်တွင် ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၅ နာရီ ၄၅ မိနစ် အချိန်ခန့်က သောက်လက်စ ဆေးလိပ်တိုအား ဆေးလိပ်ခွက်ထဲ ထည့်ထားရာ ဆေးလိပ်ခွက် စာအုပ်ပုံပေါ်သို့ ပြုတ်ကျရာမှ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ မီးလောင်ရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထိန်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ အင်အား(၂၆၀)၊ အရန်မီးသတ်(၆၅)ဦး၊ သီးသန့် မီးသတ်တပ်ဖွဲ့မှ (၂၀)ဦး နှင့် မီးသတ်ယာဉ်(၃၁)စီး၊ မီးသတ်စက်ယာဉ် (၁)စီး၊ အုပ်ချုပ်မှုယာဉ်(၆)စီး၊ ထောက်ပံ့ယာဉ်(၁၀)စီး တို့ဖြင့် မီးသတင်းရရှိချိန် ၅ နာရီ ၅၀ မိနစ်ဖြစ်ပြီး မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၁၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၆ နာရီ ၂၁ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်းနှင့် ကျူးအိမ်ခြေ (၃၂)လုံး၊ မီးလောင်ခံရပြီး အိမ်ထောင်စု (၃၂) စုနှင့် ဆုံးရှုံးမှုတန်ဖိုးကျပ်သိန်း (၅၈) ခန့် ဖြစ်ကြောင်း၊ မီးဘေးသင့် ခံရသော အိမ်ထောင်စုများအား (၅၁)ရပ်ကွက် ဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားရာသို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး၊ ဒုတိယတိုင်းမီးသတ်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိုး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် မီးသတ်ဦးစီးမှူး ဦးကိုကိုကြီး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးတို့မှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မြို့မရဲစခန်းမှ (ပ)၄၇၁/၂၀၁၈/ပုဒ်မ -၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မြောက်ဒဂုံ မီးလောင်မှု အိမ်ခြေ ၃၂ လုံး ဆုံးရှုံး မြောက်ဒဂုံ မီးလောင်မှု အိမ်ခြေ ၃၂ လုံး ဆုံးရှုံး Reviewed by THITHTOOLWIN on 12:28 Rating: 5
Powered by Blogger.