လောင်းကစားဥပဒေပြင်ပြီး ကာစီနိုတွေ ခွင့်ပြုမည်

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ ဖွင့်ထားတဲ့ ကာစီနိုတစ်ခုကို တွေ့ရစဉ်/ Photo: Myawaddy Complex Facebook
လောင်းကစားဥပဒေကို ပြင်ဆင်ဖြေလျှော့ပေးပြီးပါက နိုင်ငံခြားသားတွေသာ ကစားခွင့်ရှိတဲ့ ကာစီနိုလုပ်ငန်းတွေ ကို သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ခွင့်ပြုမယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီး ဦးအုန်းမောင် က ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းရဲ့ နိုင်ငံခြားသားတွေသာ ဝင်ရောက် ကစားနိုင်တဲ့ ကာစီနိုလုပ်ငန်းကို ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လေ့ရှိတဲ့ ရေပေါ်ကျွန်းတွေပေါ်မှာ တရားဝင်ဖွင့်ခွင့်ပေးဖို့ ရှိ၊ မရှိ မေးခွန်းကို ဖြေကြားရာမှာ ဝန်ကြီး ဦးအုန်းမောင် က အခုလို ထည့်သွင်းဖြေကြား ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကာစီနိုကို နိုင်ငံခြားသားဧည်သည့်တွေအတွက်သာခွင့်ပြုတဲ့ ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သဘော တူပေမယ့် မြန်မာနိုင်ငံသားတွေအတွက် ဘယ်လိုကန့်သတ်ထိန်းချုပ်သွားမယ်ဆိုတာ ထည့်သွင်းစဉ်းစား သင့်တယ်လို့လည်း ပြည်ထဲရေးဝန်ကြီးဌာနက အကြံပြုထားတယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ လောင်းကစားဥပဒေကို ပြင်ဆင်ဖို့အတွက်  ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ မှာ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

လက်ရှိလောင်းကစားဥပဒေမှာ နိုင်ငံခြားသားနဲ့ နိုင်ငံသားခွဲခြားထားတာ မရှိကြောင်းနဲ့ ဖြေလျှော့ပေးသင့်ကြောင်း လည်း လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
လောင်းကစားဥပဒေပြင်ပြီး ကာစီနိုတွေ ခွင့်ပြုမည် လောင်းကစားဥပဒေပြင်ပြီး ကာစီနိုတွေ ခွင့်ပြုမည် Reviewed by THITHTOOLWIN on 19:05 Rating: 5
Powered by Blogger.