ကုလ ပိတ်ဆို့ထားတဲ့ လက်နက်တွေ မြန်မာနဲ့ ဆီးရီးယားတို့ကို မြောက်ကိုရီးယားတင်ပို့

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တိုက်ချင်းပစ်ဒုံးကျည်လက်နက်ကို စစ်ဆေးနေစဉ်။ Korean Central News Agency/Korea News Service
မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်နဲ့ ဓါတုလက်နက်များမှာ အသုံးပြုတဲ့ပစ္စည်းတွေ၊ နည်းပညာတွေကို မြန်မာနိုင်ငံနဲ့ ဆီးရီးယားတို့ကို တင်ပို့ခဲ့တယ်လို့ ကုလကျွမ်းကျင်သူတွေရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတယ်လို့ AP သတင်းတရပ်မှာ ဖေါ်ပြထားပါတယ်။

စာမျက်နှာ ၂၀၀ ကျော်ပါရှိတဲ့ အစီရင်ခံစာမှာ မြောက်ကိုရီးယားဟာ မြန်မာနိုင်ငံကို သမရိုးကျ စစ်လက်နက် ပစ္စည်းတွေ၊ မြေပြင်က ဝေဟင်ပစ်ဒုံးကျည်တွေ၊ ဒုံးကျည်လောင်ချာတွေကို တင်ပို့ခဲ့တယ်လို့ ဖေါ်ပြထားပြီး အလားတူပဲ ဆီးရီးယားနိုင်ငံကိုလည်း ၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ အတွင်း စစ်ဘက်ပစ္စည်းအမျိုးပေါင်း ၄၀ကျော် တင်ပို့ခဲ့တယ်လို့ ပါရှိပါတယ်။

အစီရင်ခံစာမှာ မြောက်ကိုရီးယားအနေနဲ့ ကုလသမဂ္ဂက ကန့်သတ်ပိတ်ပင်ချက်တွေကို ဂရုမစိုက်ဘဲ မြန်မာနဲ့ဆီးရီးယားတို့နဲ့ တရားမ၀င်ကုန်သွယ်မှုတွေ ပြုလုပ်ခဲ့တာမှာ၊ မနှစ်က ၉ လတာအချိန်အတွင်း အမေရိကန်ဒေါ်လာ သန်း၂၀၀ကျော်ဖိုးဖြစ်တယ်လို့ ဆိုပါတယ်။

RFA Burmese
https://www.rfa.org/burmese
ကုလ ပိတ်ဆို့ထားတဲ့ လက်နက်တွေ မြန်မာနဲ့ ဆီးရီးယားတို့ကို မြောက်ကိုရီးယားတင်ပို့ ကုလ ပိတ်ဆို့ထားတဲ့ လက်နက်တွေ မြန်မာနဲ့ ဆီးရီးယားတို့ကို မြောက်ကိုရီးယားတင်ပို့ Reviewed by THITHTOOLWIN on 22:42 Rating: 5
Powered by Blogger.