တမူးမြို့ရှိ နမ့်ဖာလုံဈေး မီးလောင်မှုဖြစ်ပွား


တမူး ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ မြန်မာ-အိန္ဒိယနယ်စပ် အမှတ်-၂ ဂိတ်အနီးရှိ နမ့်ဖာလုံ ဈေး၌ ဖေဖော်ဝါရီ ၇ ရက် ည ၁ဝ နာရီခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သိရ သည်။

အဆိုပါမီးလောင်မှုကို နယ်မြေခံ မီးသတ်တပ်ဖွဲ့များနှင့် ဒေသခံအဖွဲ့အစည်းများ အပြင် အိန္ဒိယနိုင်ငံဘက်မှ မီးသတ်တပ်ဖွဲ့များ၊ ကလေးမြို့ရှိ မီးသတ်တပ်ဖွဲ့များက မီးသတ်ယာဉ်များဖြင့် ဝိုင်းဝန်းကူညီငြှိမ်းသတ်လျက်ရှိရာ ည ၁၂ ကျော်အချိန်အထိ မီးလောင်မှုကို မထိန်းနိုင်သေးကြောင်း သိရသည်။
''ကျွန်တော်တို့ သိရတာ ၁ဝ နာရီလောက်ကပဲ၊ ပေါက်ကွဲသံတွေတော့ ကြားနေရ တယ်၊ အခု ၁၂ နာရီကျော်အထိတော့ မီးငြှိမ်းသတ်နိုင်မှု မရှိသေးဘူး၊ အိန္ဒိယနိုင်ငံဘက် က မီးသတ်ယာဉ်တွေနဲ့ ဝိုင်းဝန်းငြှိမ်းသတ်နေကြတာတော့ တွေ့ရတယ်၊ ကလေးမြို့က မီးသတ်တပ်ဖွဲ့ကိုလည်း အကူအညီတောင်းထားတယ်လို့ သိရတယ်''ဟု ဒေသခံတစ်ဦး က ပြောသည်။ လက်ရှိအခြေအနေအထိ မီးလောင်ရသည့်အကြောင်းရင်းကို မသိရ သေးကြောင်း၊ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းအရင်းကို တာဝန်ရှိသူများက ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ကနဦးသတင်းအရ သိရသည်။

ဝင်းနိုင်(တမူး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ