မာန်အောင်မြို့နယ် ဘုတ်မျက်တောကမ်းခြေအနီးတွင် ဝေလငါးတစ်ကောင် သေဆုံးလျှက်တွေ့ရှိ


ဖေဖော်ဝါရီ ၂၊ DMG

မာန်အောင်မြို့နယ် မိမ္မကြွယ်ကျေးရွာအုပ်စု ကျူးကျေးရွာနှင့် ဘုတ်မျက်တောကျေးရွာကြား ကမ်းခြေအနီးတွင် ဝေလငါးကြီးတစ်ကောင် ယနေ့ (ဖေဖော်ဝါရီလ ၂ ရက်) ညနေ ၅ နာရီခန့်က သေဆုံးလျှက်တွေ့ရှိကြောင်း ဘုတ်မျက်တောရွာသားများက ပြောသည်။


သေဆုံးနေသော ဝေလငါးမှာ အရှည် ၂၄ တောင်ခန့်ရှိကြောင်း၊ မာန်အောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနသို့ အကြောင်းကြားထားကြောင်း၊ ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း ကံလတ်ကျေးရွာကမ်းခြေအနီးတွင် သေဆုံးနေသော ဝေလငါးကိုလည်း ရရှိခဲ့ကြောင်း သိရသည်။

သတင်း၊ ဓါတ်ပုံ - အောင်ကောင်းဇော်
Development Media Group
https://www.facebook.com/dmgnewsagency
မာန်အောင်မြို့နယ် ဘုတ်မျက်တောကမ်းခြေအနီးတွင် ဝေလငါးတစ်ကောင် သေဆုံးလျှက်တွေ့ရှိ မာန်အောင်မြို့နယ် ဘုတ်မျက်တောကမ်းခြေအနီးတွင် ဝေလငါးတစ်ကောင် သေဆုံးလျှက်တွေ့ရှိ Reviewed by THITHTOOLWIN on 08:13 Rating: 5
Powered by Blogger.