ဖောင်းပြင်မြို့နယ်၌ လူသတ်မှုဖြစ်ပွား


ဖောင်းပြင် / ဖေဖော်ဝါရီ ၁၅

ဖောင်းပြင်မြို့နယ် မောက်ပလင်းအုပ်စု မောက်ပလင်းကျေးရွာ နေ ဒေသခံပြည်သူတစ်ဦးသည် ဖေဖော်ဝါရီလ ၁၄ ရက် နေ့ ညနေ (၁၆း၃၀)နာရီအချိန်ခန့်က ၄င်းရွာ၏တောင်ဘက် လယ်ကွင်းပြင် မှ ကျွဲများအားကျောင်း၍ ရွာသို့ပြန်လာစဉ် ရွာအနီး(၂)ဖာလုံခန့်အကွာ လှည်းလမ်းဘေး ကိုင်းတောစပ်အရောက်တွင် ရွာသား ၅ ဦးခန့် ဝိုင်းအုံ ကြည့်နေကြသဖြင့် သွားရောက်ကြည့်ရှုရာ ယာဘက်လည်ပင်းတွင် ဓါးဒဏ်ရာဖြင့် ပက်လက်အနေအထားဖြင့် ရွာသားတစ်ဦးသေဆုံးနေ ကြောင်းတွေ့ရသည်။

 ထိုသူများအားမေးမြန်းရာ သေဆုံးသူနှင့် အခြားလူငယ်တစ်ဦး ၄င်းတို့အဖွဲ့ နှင့်အတူ ကျွဲကျောင်း၍ ပြန်လာကြရာ သေဆုံးသူနှင့် အခြားလူငယ်တစ်ဦး အချင်းချင်း လေးခွနှင့်ပစ်မည်ဟု စနောက်ပြောဆိုနေကြစဉ် ၄င်းတို့အဖွဲ့နောက်မှ နွားကျောင်း၍ ပြန်လာ သော ကွန်းတောကျေးရွာနေ ဦးစံရှား မှ ၄င်းအားပြောဆိုသည်ဟု ပြောကာ လက်ထဲတွင်ပါလာသော အရိုးအသွား (၁၄)လက်မခန့်ရှိ ဝါးရိုးတပ် ဓါးဦးချွန်ဖြင့် မောင်အောင်နိုင်စိုး(ခ)၀တုတ်ပြဲအား လိုက်ထိုးပြီး သေဆုံးသွားသဖြင့် ဦးစံရှား မှာ မောက်ပလင်းရွာထိပ်ရှိ ၄င်း၏ မိဘ အခင်းတဲသို့ပြန်သွားခဲ့ကြောင်း ပြောပြခဲ့သဖြင့် သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မောင်အောင်နိုင်စိုး(ခ) ၀တုတ်ပြဲအား သေဆုံးအောင် ဓါးဖြင့် ထိုးသတ်သူ ဦးစံရှား(၁၅/၁၈)နှစ် ကွန်းတောရွာ မောက်ပလင်းအုပ်စု နေသူအား အရေးယူပေးပါရန် ဒေသခံပြည်သူတစ်ဦးမှ ရဲစခန်းသို့ လာရောက် တိုင်တန်းသဖြင့် မြို့နယ်ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ဟန်ထွန်း(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဖောင်းပြင်မြို့နယ်၌ လူသတ်မှုဖြစ်ပွား ဖောင်းပြင်မြို့နယ်၌ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 14:56 Rating: 5
Powered by Blogger.