နိုင်ဂျီးရီးယားတွင် ဘတ်စ်ကား နှင့် ကုန်တင်ယာဉ်တိုက်မိ၍ ကျောင်းသား ၂၂ဦးသေဆုံး

နိုင်ဂျီးရီးယားတွင် ဘတ်စ်ကား နှင့် ကုန်တင်ယာဉ်တိုက်မိစဉ် (ဓါတ်ပုံ-အင်တာနက်)
 လာဂို့စ်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

    နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း Bauchi-Kano  လမ်းမတွင် ဘတ်စ်ကားတစ်စီး နှင့် ကုန်တင်ကားတစ်စီး ခေါင်းချင်းဆိုင်တိုက်မိခဲ့ရာ ဘတ်စ်ကားပေါ်တွင်လိုက်ပါလာသော ကျောင်းသား ၂၂ဦး နှင့် ကားဒရိုင်ဘာ တစ်ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၁၃ ရက်တွင်ပြောကြားခဲ့သည်။

ကာနိုပြည်နယ် ဖယ်ဒရယ်လမ်းအန္တရာယ်ကင်းရှင်းရေး တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Kabir Ibrahim-Daura က ယာဉ်တိုက်မှုကြောင့် အခြားသုံးဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက သေဆုံးသွားသည့် ကျောင်းသား ၂၂ဦးအနက် ၁၂ဦးမှာ ယောကျာ်းလေးများဖြစ်ပြီး ၁၀ဦးမှာ မိန်းကလေးများဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံသည် ယာဉ်မတော်တဆမှု ကြောင့် လူသေဆုံးမှုအများဆုံး နိုင်ငံများအနက် တစ်ခုဖြစ်ပြီး ယာဉ်မဆင်မခြင်မောင်းနှင်ခြင်း၊ လမ်းပိုင်းဆိုင်ရာများ ပျက်စီးယိုယွင်းနေခြင်း နှင့် အများပြည်သူပို့ဆောင်ရေး ယာဉ်များ အိုဟောင်းနေခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများ အဓိကဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
နိုင်ဂျီးရီးယားတွင် ဘတ်စ်ကား နှင့် ကုန်တင်ယာဉ်တိုက်မိ၍ ကျောင်းသား ၂၂ဦးသေဆုံး နိုင်ဂျီးရီးယားတွင် ဘတ်စ်ကား နှင့် ကုန်တင်ယာဉ်တိုက်မိ၍ ကျောင်းသား ၂၂ဦးသေဆုံး Reviewed by THITHTOOLWIN on 11:47 Rating: 5
Powered by Blogger.