ဂွမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား၍ လူနေတဲအိမ် ၁၃ လုံးနှင့် ဂိုဒေါင်တစ်လုံးဆုံးရှုံး


ရခိုင်ဂေဇက်၊ ဖေဖော်ဝါရီ ၂၁

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ရဟိုင်းကူးတို့ကျေးရွာတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နေ့လည်ပိုင်းက မီးကြွင်းမီး ကျန်မှ စတင်လောင်ကျွမ်းကာ လူနေတဲအိမ် ၁၃ လုံးနှင့်ဂိုဒေါင်တစ်လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုမှာ ရဟိုင်းကူးတို့ကျေးရွာ၏ ပင်လယ်ကမ်းခြေဘက်မှာရှိသည့်ရေလုပ်ငန်း
လုပ်​ကိုင်​နေကြသည့် တဲအိမ်များဖြစ်ပြီး မဒေါပုံ(ခ) ဒန်းမြင့်နေအိမ်မီးကြွင်းမီးကျန်စတင် လောင်ကျွမ်းကာ အနီးရှိ တဲအိမ် ၁၃ လုံးနှင့် ဂိုဒေါင်တစ်လုံးကို ကူးစက်လောင်းကျွမ်း ခဲ့ခြင်းဖြစ်​​ကြောင်း သိရသည်။

“နေ့လည် ၂ နာရီ ၄၀ လောက်မှာ မီးစလောင်တာဖြစ်ပါတယ်။ရဟိုင်းကူးတို့ကျေးရွာရဲ့ ပင်လယ်ကမ်းခြေ ဘက်မှာ ရေလုပ်ငန်းလုပ်တဲ့ ပိုက်တဲလေးတွေပေါ့။ တဲအိမ် ၁၃ ခုနဲ့ ပိုက်ထားတဲ့ ဂိုဒေါင်တစ်ခုလောင်သွား ပါတယ်။ လူတွေကတော့ ထိခိုက်ဒဏ်ရာရသူမရှိဘူး”ဟု ဂွမြို့မရဲစခန်းမှူး ဒုရဲမှူးအေးထွန်းက ပြောသည်။


အဆိုပါမီးလောင်ကျွမ်း​မှုကို မြို့နယ်ရဲတပ်ဖွဲ့မြို့နယ် မီးသတ်တပ်ဖွဲ့၊ ၀င်များနှင့် ရွာသူရွာသားများ
မှ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၃ နာရီ ၂၅ မိနစ်ခန့်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

“မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေ မရှိးဘူး။ မဒေါပုံ(ခ) ဒန်းမြင့်ရဲ့ ထမင်းချက်တဲ့မီးဖိုမီးကြွင်းကနေ ဘေးကို ကူးစက်လောင်တာပေါ့။ မီးကိုပေါ့ဆစွာ သုံးစွဲတဲ့အတွက် ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူဆောင်ရွက် ထားပါပြီ။ စုစုပေါင်းဆုံးရှုံးမှုတန်ဖိုးကတော့ ကျပ် ၂ သိန်းကျော်လောက်ဖြစ်တယ်။” ဒုရဲမှူးအေးထွန်းက ဆိုသည်။

မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင်ကို မီးကိုပေါ့ဆစွာသုံးစွဲသည့်အတွက် အများပြည်သူရဲ့ အိုးအိမ်ဆုံးရှုံးမှုဖြစ်သောကြောင့် ပုဒ်မ ၂၈၅ ဖြင့် ဂွမြို့မရဲစခန်းတွင် ရဲတပ်ဖွဲ့မှ တရားလိုပြုလုပ်ကာ အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။

အေးအေးသန်း
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal
ဂွမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား၍ လူနေတဲအိမ် ၁၃ လုံးနှင့် ဂိုဒေါင်တစ်လုံးဆုံးရှုံး ဂွမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား၍ လူနေတဲအိမ် ၁၃ လုံးနှင့် ဂိုဒေါင်တစ်လုံးဆုံးရှုံး Reviewed by THITHTOOLWIN on 13:40 Rating: 5
Powered by Blogger.