သံဖြူ ဇရပ်မြို့ အနီးတွင် ပေါက်ကွဲ သံများထွက်ပေါ်နေ၍ မြို့ခံများ စိုးရိမ်


သံဖြူဇရပ်၊ ဖေဖော်ဝါရီ ၁၄ ။

ဖေဖော်ဝါရီလ ၁၃ ရက် ညပိုင်း မှ စတင်၍ မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့ အနီး ရှိ ဂျပန်တောင်ဟုခေါ်သော မိန်ဘလာတောင်ဘက်မှ ပေါက်ကွဲသံများကြားနေရ၍ မြို့ခံများ စိုးရိမ်မှုရှိနေကြောင်း သံဖြူဇရပ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌဦးမင်းလတ်က ယနေ့၊ ဖေဖော်ဝါရီလ ၁၄ ရက် ၀၀း ၂၀ နာရီတွင်AHN သို့ပြောသည်။

“မြို့ခံတွေစိုးရိမ်ကြတယ်။ လွန်ခဲ့တဲ့တစ်ရက်နှစ်ရက်က လည်း ဒီ နေရာ ဘက်ကနေ အသံတွေထွက်လာလို့ တားမြစ်မိန့်ထုတ်ထားသေးတယ်။ “ ဟု ၄င်းကပြောသည်။

ဂျပန်တောင်ရှိ ရတနာပစ္စည်းများကိုတူးဖော်ခြင်းဖြစ်နိုင်ကြောင်း မြို့ခံတစ်ဦးကပြောသည်။

“ဒီတောင်မှာ ဂျန်ပန်တွေဆုတ်တော့ စစ်ကျန်ပစ္စည်းတွေ၊ ရွှေ၊ငွေရတနာတွေ ဖွက်သွားတယ် လို့ ဒေသခံတွေက ယုံကြည်ထားတဲ့အတွက် ဒါဟာ ရတနာသိုက် လို့ ပြောလို့ရတယ်။ ဒါကိုတူးဖော်တာဖြစ်နိုင်တယ်”ဟုလည်း ၄င်းကပြောသည်။

ပေါက်ကွဲသံများကြားရသည်ဆိုခြင်းမှာ မှန်ကန်ပါကြောင်း၊ ယင်းပေါက်ကွဲသံများ နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်က ယနေ့ ၊ဖေဖော်ဝါရီလ ၁၄ ရက် မနက် ၀၀း၁၃ နာရီ တွင်ပြောသည်။

ကိုမျိုး
The Asia Heart News
သံဖြူ ဇရပ်မြို့ အနီးတွင် ပေါက်ကွဲ သံများထွက်ပေါ်နေ၍ မြို့ခံများ စိုးရိမ် သံဖြူ ဇရပ်မြို့ အနီးတွင် ပေါက်ကွဲ သံများထွက်ပေါ်နေ၍ မြို့ခံများ စိုးရိမ် Reviewed by THITHTOOLWIN on 06:49 Rating: 5
Powered by Blogger.