ကမ္ဘာ့ လိင်နိုင်ငံလို့ ပြောခဲ့သည့် ဂမ်ဘီယာ ၀န်ကြီးစကားကို ထိုင်း လက်တုန့် ပြန်


ဖေဖော်ဝါရီလ ၂၈ ရက်နေ့  ဒီကနေ့ နံနက် ၁နာရီ ကစပြီး ထိုင်း တနိုင်ငံလုံးမှာရှိတဲ့ နိုက်ကလပ်နဲ့  အရက်ဘား တွေရှိရာ နိုင်ငံခြားသားပေါင်းစုံ နေထိုင်နေကြတဲ့ နေရာပေါင်း ၁၁၀ ကို ပိုက်စိတ်တိုက် စစ်ဆေး ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ဘန်ကောက်မြို့ က နာမည်ကြီး ဆွိုင်ကောင်းဗွိုင်၂၃ -နာနာလမ်း-ဆူကိုဗစ်- စတဲ့-နေရာတွေကို ရဲ၊ စစ်တပ်နဲ့  လူဝင်မှုကြီးကြပ်ရေး အရာရှိတွေပါ ပါဝင်ပြီး ပိတ်ဆို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် အာဖရိကန် လူမဲနေထိုင် ကြက်စားနေသည့်နေရာ တွေကို စစ်ဆင်ရေး အနေနဲ့ ရှင်းလင်းခဲ့တာပါ။

ဖမ်းဆီးလိုက်တဲ့ နိုင်ငံခြားသား ၇၅ ဦးဟာ ယူဂန်ဒါ-ဆူဒန်-အိန္ဒိယ-ကမ္ဘောဒီးယားနိုင်ငံသားတွေဖြစ်ပြီး နိုင်ငံကူးစာအုပ် စာရွက်စာတမ်းမရှိ နေထိုင်ခွင့်ဗီဇာ သက်တမ်း ကုန်နေသူတွေဖြစ်ပါတယ်။

အဆိုပါ နိုင်ငံခြားသားတွေကို ဘလက်လစ်အဖြစ် မှတ်တမ်းယူပြီး သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ပို့ မယ်လို့  ဆိုပါတယ်။

ယခုရက်ပိုင်းအတွင်းမှာ အာဖရိကတိုက် အရှေ့ ပိုင်း Gambia ဂန်ဗီယာနိုင်ငံက ခရီးသွားလာရေး ၀န်ကြီး Hamat Bah ဟာမက် က လိင်ဆက်ဆံခြင်လား ထိုင်းနို်င်ငံသွားလို့  ထိုင်းနိုင်ငံကို ကမ္ဘာ့ လိင်နိုင်ငံလို့  စွတ်စွဲပြောဆိုလိုက်တာကြောင့် ထိုင်းအစိုးရဟာ စိတ်ဆိုးဒေါသထွက်ခဲ့ပြီး ထိုင်းနိုင်ငံအတွင်းမှာ နေထိုင်နေကြတဲ့ နိုင်ငံခြားတွေကို ဖိအားပေးတဲ့အနေနဲ့  ဆက်တိုက် ဖမ်းဆီးမှာဖြစ်ပြီး ဂမ်ဘီယာ နိုင်ငံဝန်ကြီးပြောစကားကို သံတမန် အဆင့် တရားဝင် ကန့် ကွက်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

Credit Khaosod
Social Action for Children and Women - SAW
ကမ္ဘာ့ လိင်နိုင်ငံလို့ ပြောခဲ့သည့် ဂမ်ဘီယာ ၀န်ကြီးစကားကို ထိုင်း လက်တုန့် ပြန် ကမ္ဘာ့ လိင်နိုင်ငံလို့ ပြောခဲ့သည့် ဂမ်ဘီယာ ၀န်ကြီးစကားကို ထိုင်း လက်တုန့် ပြန် Reviewed by THITHTOOLWIN on 10:58 Rating: 5
Powered by Blogger.