ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

၂၃.၂.၂၀၁၈ ရက်နေ့ နံနက် ၀၅း၄၅ နာရီအချိန်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၅၁)ရပ်ကွက်၊ သစ္စာလမ်းရှိနေအိမ်တွင် မီးလောင်မှုဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

မီးလောင်ရာနေရာသို့ မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များရောက်ရှိငြှိမ်းသတ်ခဲ့ရာ ၀၆း၁၅ နာရီအချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၀၆း၂၀နာရီ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် မီးလောင်ရသည့်အကြောင်းအရင်းအား မီးသတ်ဦးစီးဌာနမှ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

REF: Yangon Police
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ် Reviewed by THITHTOOLWIN on 07:14 Rating: 5
Powered by Blogger.