မိုင်းဖြတ်မြို့နယ် တာကျောက်ကျေးရွာအနီးတွင် ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွား ၁ဦးသေဆုံး ၆ဦးဒဏ်ရာရ


မိုင်းဖြတ် ၊ ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် တာချီလိတ်-ကျိုင်းတုံသွား ပြည်ထောင်စုလမ်းမပေါ် တာကျောက်ကျေးရွာအနီး မိုင်တိုင်အမှတ်(၆၉၃/ ၆၉၄ KM) ကြားတွင် ဖေဖော်ဝါရီလ ၁၄ရက် ၄နာရီ ၄၅မိနစ်ခန့်တွင် ကျိုင်းတုံဘက်မှ မောင်းနှင်လာသောယာဉ်နှင့် တာချီလိတ်ဘက်မှ မောင်းနှင်လာသောယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက် မိ၍ အမျိုးသားတစ်ဦး သေးဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ ယာဉ်မောင်း ဒေါ်နန်းသန်း (၄၇)နှစ် မောင်းနှင်လာသော ယာဉ် အမှတ်(MDY-FF/----) PROBOX(ခဲရောင်)ယာဉ်သည် ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမပေါ် မိုင်းတိုင်အမှတ် (၆၉၄)KMအနီး လမ်းအကွေ့တွင် ရှေ့ယာဉ်အားကျော်တက်စဉ် တာချီလိတ်ဘက်မှ ကျိုင်းတုံဘက်သို့ ယာဉ်မောင်း ဦးဖိုလိန်(၅၈)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် (SHN -2H/-----)KLUGER (ခဲရောင်) ယာဉ်နှင့် မျက်နှာချင်းဆိုင်တိုက်မိရာ ဒေါ်နန်းသန်းမောင်းနှင်သည့် ယာဉ်ပေါ်လိုက်ပါလာသော ခရီးသည်ကျား(၂)ဦး၊ မ(၂)ဦး ပေါင်း (၄)ဦး အနက်ယာဉ်မောင်းဒေါ်နန်းသန်းတွင် ဝဲလက်နှင့်ယာခြေထောက်ကျိုးဒဏ်ရာ ၊ဦးလုံဆန်ဆွန်တွင် ဝဲခြေထောက်ကျိုးဒဏ်ရာနှင့်ပေါက်ပြဲဒဏ်ရာရရှိပြီး ဦးပါပြန်း(၆၅)နှစ်သည် ဝဲဘက်လက်ကျိုးဒဏ်ရာ၊ မျက်နှာ နှင့် ဦးခေါင်းပေါက်ပြဲဒဏ်ရာ တို့ဖြင့်မိုင်းဖြတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာမှ သေဆုံးခဲ့ပြီး ဦးဖိုလိန်(၅၈)နှစ် မောင်းနှင်လာသော ယာဉ်ပေါ်ပါ ခရီးသည်ကျား(၁)၊ မ(၂) ပေါင်း(၃)ဦးအနက် ဒေါ်အားဖန်တွင် ဝဲဘက်ပေါင်ကျိုးဒဏ်ရာရရှိပြီး ဦးကျဖူးတွင် ဝဲဘက်ပေါင်ကျိုးဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်းသိရသည်။


 ယာဉ်တိုက်မှုဖြစ်ပွားရာသို့ မိုင်းဖြတ်မြို့မရဲစခန်းမှ စခန်းမှူး၊ ဒုရဲမှူး အောင်လင်းခိုင် ၊ရဲအုပ် ကိုကိုအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးမှူး ဦးထွန်းနေလှိုင် နှင့် သန္ဓေမီးသတ်(၁၀)ဦး ၊အရန် (၅)ဦး၊ တပ်မတော်သားများနှင့် လူမှုရေးအသင်းများမှ ကယ်ဆယ်ရေးလုပ်ငန်းများကိုသွားရောက် ဆောင်ရွက်ခဲ့ကြသည်။

 ဒဏ်ရာရရှိသည့်ခရီးသည်များအား တာချီလိတ်မြို့ ပြည်သူ့ဆေးရုံသို့ ဆေးဝါးကုသရန်ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ယာဉ်ကိုအဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ဒေါ်နန်းသန်းအား မိုင်းဖြတ်မြို့မရဲစခန်းမှ ဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းဖြတ် မြို့နယ် (ပြန်/ဆက်)
မိုင်းဖြတ်မြို့နယ် တာကျောက်ကျေးရွာအနီးတွင် ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွား ၁ဦးသေဆုံး ၆ဦးဒဏ်ရာရ မိုင်းဖြတ်မြို့နယ် တာကျောက်ကျေးရွာအနီးတွင် ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွား ၁ဦးသေဆုံး ၆ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 21:31 Rating: 5
Powered by Blogger.