နေအိမ်​အတွင်း အမျိုးသားတစ်​ဦး ကြိုးဆွဲချ​သေဆုံး


တောင်​တွင်းကြီး ၊ ​ဖေ​ဖေါ်ဝါရီ (၂၈) ရက်

မ​ကွေးတိုင်း​ဒေသကြီး၊​ တောင်​တွင်းကြီးမြို့ ၊ အုန်း​တော(၂)ရပ်​ကွက်​၊ အပိုင်း(၄)မှ ​နေအိမ်​အတွင်း အမျိုးသားတစ်​ဦး ကြိုးဆွဲချ​သေဆုံး​​နေ​ကြောင်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ယ​နေ့မနက်​(၇းဝဝ)နာရီအချိန်​ခန့်​က ​တွေ့ရှိရပါသည်။


သေဆုံးသူမှာ ဦးတင့်လွင်​၊ အသက်​(၅၁)နှစ်​ဖြစ်​ပြီး စစ်​​ဆေးမှုများပြု လုပ်​နိုင်​ရန်​ အခင်းဖြစ်​​နေရာမှ ​တောင်​တွင်းကြီးမြို့ ရင်​ခွဲရုံသို့ ကလျာဏသုခလူမှုကူညီ​ရေးအသင်းမှ ယာဉ်​ဖြင့်​ ပို့​ဆောင်​ကူညီ​ပေးခဲ့ပါသည်​။

Kyaw Zay Ya
နေအိမ်​အတွင်း အမျိုးသားတစ်​ဦး ကြိုးဆွဲချ​သေဆုံး ​နေအိမ်​အတွင်း အမျိုးသားတစ်​ဦး ကြိုးဆွဲချ​သေဆုံး Reviewed by THITHTOOLWIN on 12:01 Rating: 5
Powered by Blogger.