လားရှိုးဗုံးပေါက်မှု ၂ ဦးသေ

 ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ရိုးမဘဏ်ရှေ့ကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညနေပိုင်းက တွေ့ရစဉ်
လားရှိုးမှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညနေပိုင်းက ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။

လားရှိုးဆေးရုံကို ရောက်နေသူတွေကတော့ ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၁၀ ဦးကျော် ဒဏ်ရာရရှိတယ်လို့ ညနေ ၆ နာရီခွဲလောက်က ဘီဘီစီကို ပြောကြပါတယ်။

ဆေးရုံဘက်ကို အလာ ဘဏ်အရှေ့ဘက်နားကနေ ဆိုင်ကယ်နဲ့ဖြတ်သွားပြီး မကြာခင်မှာပဲ ပေါက်ကွဲသံကြားရတာ အသံတော်တော်ကျယ်လို့ ကြောက်လန့်မိတယ်လို့ အခင်းဖြစ်ပွားစဉ် မနီးမဝေးကနေ ဖြတ်သွားခဲ့တဲ့ အမျိုးသမီးတဦးကလည်း ဘီဘီစီကို ဒီကနေ့ ညနေပိုင်းက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ရိုးမဘဏ်ရဲ့ အတွင်းမှာမှာ ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပြီး ရိုးမနဲ့ ကပ်လျက် ဧရာဝတီဘဏ်မှာလည်း ပျက်စီးမှု အချို့ဖြစ်ပေါ်ခဲ့ပြီး လမ်းဘေးမှာ ရပ်ထားတဲ့ကားတွေလည်း ပျက်စီးခဲ့ရပါတယ်။
လားရှိုးဆေးရုံဝန်းအတွင်း မြင်ကွင်း
ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရတဲ့ ဝန်ထမ်း ၂ ဦးအတွက် အထူးဝမ်းနည်းကြေကွဲကြောင်း ရိုးမဘဏ်ကလည်း ကြေညာချက် ထုတ်ပြန်ထားသလို လားရှိုးမှာရှိတဲ့ သူတို့ရဲ့ ဘဏ်ခွဲ နှစ်ခုစလုံးကို ခေတ္တပိတ်ထားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
လားရှိုးဗုံးပေါက်မှု ၂ ဦးသေ လားရှိုးဗုံးပေါက်မှု ၂ ဦးသေ Reviewed by THITHTOOLWIN on 20:22 Rating: 5
Powered by Blogger.