နိုင်ဂျီးရီးယားနိုင်ငံရှိ ကျေးရွာတွင် သေနတ်သမားများ တိုက်ခိုက်မှုကြောင့် လူ ၁၈ ဦး သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံရှိ ကျေးရွာ တစ်ရွာ၌ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
 အဘူဂျာ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

    နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဇမ်ဖာရာပြည်နယ်တွင် သေနတ်သမားများ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး သေဆုံးသူ ၁၈ ဦး ရှိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၆ ရက်တွင် ပြောကြားလိုက်သည်။

ဇမ်ဖာရာပြည်နယ် ဇာမီနယ်မြေရှိ ဘီရန်နီကျေးရွာ၌ ဒေသခံ တောလိုက်မုဆိုးအဖွဲ့အား  ဓားပြများက ချုံခို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုအတွင်း နှစ်ဖက်လုံးမှ အသေအပျောက်ရှိခဲ့ကြောင်း ပြည်နယ်မြို့တော် Gusau ၏ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Muhammad Shehu က သတင်းထောက်များအား ပြောကြားခဲ့သည်။

သေဆုံးသူ ၁၈ ဦး၏ ရုပ်အလောင်းများအား တွေ့ရှိခဲ့ပြီး နောက်ထပ် သေဆုံးသူများလည်း ရှိနိုင်သေးကြောင်း Shehu က ပြောကြားခဲ့သည်။

“ဓားပြများက သေဆုံးသွားတဲ့ သူတို့ရဲ့ အဖွဲ့သားတွေရဲ့ ရုပ်အလောင်းတွေကို ပြန်သယ်သွားကြတယ်” ဟု ၎င်းက ဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com
နိုင်ဂျီးရီးယားနိုင်ငံရှိ ကျေးရွာတွင် သေနတ်သမားများ တိုက်ခိုက်မှုကြောင့် လူ ၁၈ ဦး သေဆုံး နိုင်ဂျီးရီးယားနိုင်ငံရှိ ကျေးရွာတွင် သေနတ်သမားများ တိုက်ခိုက်မှုကြောင့် လူ ၁၈ ဦး သေဆုံး Reviewed by THITHTOOLWIN on 19:53 Rating: 5
Powered by Blogger.