မြန်မာနိုင်ငံမှတင်သွင်းလာသည့် ယာဘာဆေးပြား တစ်သန်းကျော် တက်ကနက်တွင် ဖမ်းမိ


နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံမှ တင်သွင်းလာသည့် ယာဘားစိတ်ကြွဆေးပြား ၁၁၂၀၀၀၀ ကို ဘင်္ဂလာဒေ့ရှ်နိုင်ငံ တက်ကနက်မြို့တွင် ယနေ့နံနက်က ဖမ်းဆီးရမိကြောင်း Cox”sbazar news တွင် သတင်းဖော်ပြသည်။

၎င်းဆေးပြားများကို မြန်မာနိုင်ငံဘက်မှ နတ်မြစ်ဖြစ်ကျော်ပြီး လှေဖြင့် ယူဆောင်လာကြောင်း၊ လှေပေါ်မှ ဆာလာအိတ်များတွင် ထည့်၍ သယ်ယူလာစဉ် တက်ကနက်မြို့နယ် (ရခိုင်အခေါ် ကယုချောင်း) တောင်ဘက် ဆားပြင်ကျေးရွာအနီးတွင် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဖမ်းမိခြင်း ဖြစ်ကြောင်း သတင်းတွင် ရေးသားထားသည်။

၎င်းဆေးပြားများကို သယ်ဆောင်လာသူများမှာ ရဲကိုမြင်ပြီးနောက် အိတ်များကို ပစ်ချကာ တောထဲသို့ ထွက်ပြေးသွားကြသည်ဟု ဆိုသည်။

၎င်းဆေးပြားများ၏ တန်ဖိုးမှ တာကာ ၃၃ ကုဋေ ၆ သောင်းဖိုးရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

Narinjara
https://www.facebook.com/Narinjara
မြန်မာနိုင်ငံမှတင်သွင်းလာသည့် ယာဘာဆေးပြား တစ်သန်းကျော် တက်ကနက်တွင် ဖမ်းမိ မြန်မာနိုင်ငံမှတင်သွင်းလာသည့် ယာဘာဆေးပြား တစ်သန်းကျော် တက်ကနက်တွင် ဖမ်းမိ Reviewed by THITHTOOLWIN on 23:58 Rating: 5
Powered by Blogger.