လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်မှ ငါးနာရီကြာ မီးလောင်မှု ဖြစ်ခဲ့သည့် စက္ကူပုံးစက်ရုံ ကား ၁၇ စီး အပါအ၀င် ကျပ်သိန်း ၃၅၀၀ ကျော်ဆုံးရှုံး


ရန်ကုန်- ဖေဖေါ်ဝါရီ ၁၅။

လှိုင်သာယာမြို့နယ်၊ရွှေလင်ဗန်းစက်မှုဇုန် ၊မင်းကြီးမဟာမင်းခေါင်လမ်း၊အမှတ် ၁၂၇ ရှိ ဂရမ်းဟားဗက်(စ်) စက္ကူပုံး စက်ရုံ မှာ ဖေဖေါ်ဝါရီလ ၄ ရက် ညနေ ၄နာရီ ၂၀ မိနစ်တွင် မီးလောင်ကျွှမ်းမှုဖြစ်ပွားခဲ့ရာ၌ စက်ရုံအတွင်း ထားရှိသည့် ကား ၁၇ စီး အပါအ၀င် ကျပ်သိန်း ၃၅၀၀ ကျော် ဆုံးရူံးခဲ့ ကြောင်း လှိုင်သာယာမြို့နယ် မီးသတ်တပ်ဖွဲ့ ထံ မှ သိရသည်။

ညနေ ၄နာရီ ၂၀မိနစ် မှ လောင်​ကျွမ်းခဲ့သည့် အဆိုပါ မီးလောင်မှု မှာ ည ၉နာရီ ၁၅ မိနစ် တွင် ငြိမ်းသတ်နိုင်ခဲ့ ကြောင်းနှင့် ထင်းဖြင့် အသုံးပြုရသည့် ဘွိုင်လာ အနီး ထင်းမီးဖိုဖြင့် ရေနွေး အိုးတည် ရာမှ လောင်ကျွှမ်းခဲ့ ခြင်း ဖြစ်သည် ဟု စစ်ဆေးတွေ့ရှိရကြောင်း
လှိုင်သာယာမြို့နယ် မီးသတ်တပ်ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''စက်ရုံ ပိတ်ရက်ဖြစ်တာမို့ လူတစ်ဦးတစ်ယောက်မှ ထိခိုက်မှု မရှိပါဘူး၊မီးလောင်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုးကတော့ ကျပ်သိန်း ၃၅၆၈ သိန်း ဖြစ်ပါတယ်၊ကား၁၇ စီး၊အပါအ၀င် အခြား လုပ်ငန်းသုံး ပစ္စည်းတွေ လည်း မီးလောင်ဆုံးရှုံးခဲ့ပါတယ်''ဟု ယင်းက ပြောသည်။

ယင်း မီးလောင်မှုကြောင့် Canter ယာဉ် ၁၀ စီး၊Light Truck ယာဉ် ၃စီး၊Bango ယာဉ်၂စီး၊Demioယာဉ် ၁စီး၊ဖော့ကလစ်ယာဉ် တစ်စီး စုစုပေါင်း ၁၇ စီးမီးလောင်ဆုံးရှုံးခဲ့ ကြောင်းနှင့်းမီးလောင်မှု နှင့်ပက်သက်၍ စက်ရုံ လုံခြုံရေးမှုး ဦးမြင့်အောင် ကို လှိုင်သာယာ မြို့နယ် မြို့မ ရဲစခန်းတွင် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စက်ရုံ တွင် အလုပ်သမား ကျား၁၄၀ ဦး၊မ ၆၀ ဦး စုစုပေါင်း ၂၀၀ ဦး လုပ်ငန်းလုပ်ကိုင်လျက်ရှိကြောင်းနှင့် ယင်းစက်ရုံ ပိုင်ရှင်မှာ ကျောက်တံတားမြို့နယ် တွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

ဟံသာဟိန်း
Central News Myanmar
https://www.facebook.com/CNMyanmar
လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်မှ ငါးနာရီကြာ မီးလောင်မှု ဖြစ်ခဲ့သည့် စက္ကူပုံးစက်ရုံ ကား ၁၇ စီး အပါအ၀င် ကျပ်သိန်း ၃၅၀၀ ကျော်ဆုံးရှုံး လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်မှ ငါးနာရီကြာ မီးလောင်မှု ဖြစ်ခဲ့သည့် စက္ကူပုံးစက်ရုံ ကား ၁၇ စီး အပါအ၀င် ကျပ်သိန်း ၃၅၀၀ ကျော်ဆုံးရှုံး Reviewed by THITHTOOLWIN on 16:42 Rating: 5
Powered by Blogger.