အမျိုးသမီးတစ်​ဦးက သံပုရာသီးဖြင့် ပွတ်​၍ စုန်းနတ်​ပူး​သော ​ကျောင်းသား/သူ ၄ ​ယောက်​​ဆေးရုံတင်​ကုသ​ပေး​နေရ


ပေါင်​ ​ဖေ​ဖော်​ဝါရီ ၆

မွန်ပြည်နယ် ​ပေါင်​မြို့နယ်​ အလှပ်​​ကျေးရွာ အမက ခင်​တန်း၂ မှ ​ကျောင်းသားများ ​ဖေ​ဖော်​ဝါရီ ၆ ရက်​​နေ့ မနက်​၁၁ နာရီက ​ဆော့ကစား​နေကြစဉ်​ တမီလ်အမျိုးသမီး တစ်​ဦး ​ရောက်​ရှိလာပြီး ​ကျောင်းသူ မိန်းက​လေး၂ဦး၏ မျက်​နှာအား ပါလာသည့် သံပုရာသီးဖြင့် ပွတ်​ခဲ့ပြီး ကျန်​က​လေး ၂​ယောက်​ကိုလည်း သဲနဲ့ပက်​သွားခဲ့​ကြောင်း သိရသည်။

ထိုသို့ပြုလုပ်​ပြီး မွန်းလွဲ ၁နာရီအချိန်​ခန့်​တွင်​ က​လေး ၄​ယောက်​မှာ စုန်းပူးနတ်​ပူးသလို ဖြစ်​လာပြီး အ​ခြေအ​နေဆိုးလာသဖြင့် အလှပ်​တိုက်​နယ်​ ​ဆေးရုံကို ပို့​ပေးခဲ့ရ​ကြောင်း သိရသည်​။

၃တန်းက​လေး ၁​ယောက်​၊ ၂တန်းက​လေး ၂​ယောက်​၊ ၁တန်းက​လေး ၁​ယောက် ​ဖြစ်​​ကြောင်းသိရပြီး မိန်းက​လေး ၃​ယောက်​ ၊ ​ယောက်​ကျား​လေး ၁​ယောက်​ဖြစ်​ပြီး ယ​နေ့ညပိုင်းအထိ ​ဆေးရုံတင်​ကုသ​နေဆဲဖြစ်​​သော်​လည်း က​လေးများ၏ အ​ခြေအ​နေ​ကောင်းလာပြီဟု ည၉နာရီအချိန်​က အလှပ်​ရွာမှ​ ဒေသခံတစ်​ဦးထံ ​မေးမြန်း အတည်​ပြုချက်​ရရှိခဲ့သည်​။

Paung Daily
https://www.facebook.com/paungdaily
အမျိုးသမီးတစ်​ဦးက သံပုရာသီးဖြင့် ပွတ်​၍ စုန်းနတ်​ပူး​သော ​ကျောင်းသား/သူ ၄ ​ယောက်​​ဆေးရုံတင်​ကုသ​ပေး​နေရ အမျိုးသမီးတစ်​ဦးက သံပုရာသီးဖြင့် ပွတ်​၍ စုန်းနတ်​ပူး​သော ​ကျောင်းသား/သူ ၄ ​ယောက်​​ဆေးရုံတင်​ကုသ​ပေး​နေရ Reviewed by THITHTOOLWIN on 21:55 Rating: 5
Powered by Blogger.