ဘုရားအတွင်းမှ အလှူခံပုံးခိုးယူသူအား စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

၁၅.၂.၂၀၁၈ ရက်နေ့ နံနက် ၀၈၀၀ နာရီအချိန်တွင် မဟာကျိန်သစ္စာရှင် ဘုရားဂေါပကအဖွဲ့များသည် ဘုရားအတွင်းထားရှိသည့် အလှူခံပုံးများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ အဓိဌာန်အောင် န၀ကမ္မအလှူခံပုံးမှာ ပျောက်ဆုံးနေကြောင်း သိရှိရသဖြင့် အလှူခံပုံးအား လိုက်လံရှာဖွေရာ
ဘုရားပရ၀ဏ်အပြင်ဘက်မှ ပုံးခွံအား ပြန်လည်တွေ့ရှိရကြောင်း သိရသည်။

ဘုရားအတွင်းတပ်ဆင်ထားသည့် CCTV မှတ်တမ်းအရ ခိုးယူသူမှာ အင်္ကျီ အဖြူရောင်လက်ရှည်၊ ဘောင်ဘီအနက်ဝတ်ဆင်ထားပြီး ချောကလပ်ရောင်ဦးထုပ်ဆောင်းထားကာ အနက်ရောင် နှာခေါင်းစည်း တပ်ဆင်ထားသူဖြစ်ကြောင်းပြောပြ တိုင်တန်းချက်အရ မြောက်ဥက္ကလာပမြို့ မရဲစခန်း (ပ)၂၁၅/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်ကာ ခိုးယူသွားသူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့သည်။

အမှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် မြောက်ဥက္ကလာပမြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ရာ ၎င်းအမှုအား ကျူးလွန်သူမှာ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ (၁၂)ရပ်ကွက်တွင် နေထိုင်သူ ဇော်ထက်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၇.၂.၂၀၁၇ ရက်နေ့ ညနေ ၁၇း၃၅နာရီအချိန်တွင် ဇော်ထက်အား ရွှေပေါက္ကံမြို့သစ်၊ မင်းထူးကျော်လမ်းရှိ လက်ဘက်ရည်ဆိုင်အတွင်းမှ ဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှတွေ့ရှိသော ကျောပိုးအိတ်အား စစ်ဆေးရာ အခင်းဖြစ်စဉ်ဝတ်ဆင်ခဲ့သည့် အ၀တ်အစား များနှင့် ဦးထုပ်တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိသူ ဇော်ထက်စစ်ဆေးရာ ၎င်းသည် နံနက် ၀၁း၀၀နာရီအချိန်တွင် မဟာကျိန်သစ္စာရှင်ဘုရားသို့ရောက် ရှိခဲ့ပြီး အလှူခံပုံးအား ခိုးယူခဲ့ခြင်းဖြစ်ကြောင်းနှင့် အလှူခံပုံးအတွင်းမှ ငွေကျပ် ၁၆၅၀၀၀ကျပ်တို့ပါရှိကြောင်း ပေါ်ပေါက်ခဲ့သဖြင့် အမှုဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice
ဘုရားအတွင်းမှ အလှူခံပုံးခိုးယူသူအား စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိ ဘုရားအတွင်းမှ အလှူခံပုံးခိုးယူသူအား စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:00 Rating: 5
Powered by Blogger.