တောင်အာဖရိက သမတ နုတ်ထွက်ပြီ


တောင်အာဖရိကနိုင်ငံ သမတ Jacob Zuma ဂျက်ကော့ ဇူးမား ပြီးခဲ့တဲ့နာရီပိုင်းက နုတ်ထွက်လိုက်ပါပြီ။

အာဏာရပါတီ ANC က သမတအပေါ် အယုံအကြည်မရှိကြောင်း ဆုံးဖြတ်ချက်ချခဲ့ပြီးနောက်မှာ သမတ ဇူးမား နုတ်ထွက်သွားတာပါ။ အကျင့်ပျက်ခြစားမှုနဲ့ပတ်သက်ပြီး စွပ်စွဲခံခဲ့ရတဲ့ ဂျက်ကော့ဇူးမားက နိုင်ငံတဝန်းကို ရုပ်မြင်သံကြားက ကြေညာရာမှာ သူ့ကြောင့် မည်သူတဦးတယောက်မျှ အသက်ဆုံးရှုံးမှု မဖြစ်သင့်တဲ့အတွက် အခုလို နုတ်ထွက်ကြောင်း ပြောကြားပါတယ်။

သူ့ကို ပါတီက အယုံအကြည်မရှိ ဆုံးဖြတ်ခဲ့မှုအတွက် ဂုဏ်သိက္ခာကျဆင်းရကြောင်းနဲ့ သူဟာ ပါတီမှာ စည်းကမ်းလိုက်နာသူတဦး ဖြစ်ပါတယ်လို့လည်း ဇူးမားက ပြောပါတယ်။

မနေ့က စောစောပိုင်းမှာတော့ သမတ ဇူးမားရဲ့ မိတ်ဆွေ ကရိုနီတွေဖြစ်ကြတဲ့ Gupta ဂွတ်တား ညီအစ်ကိုတွေရဲ့ နေအိမ်တွေကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ပါတယ်။

နိုင်ငံတော် အကျင့်ပျက်မှု တိုက်ဖျက်ရေးအဖွဲ့ရဲ့ စာမျက်နှာ ၃၅ဝ ပါဝင်တဲ့ အစီရင်ခံစာမှာ အဲဒီ ကရိုနီမိသားစုဟာ အစိုးရအဖွဲ့အပေါ် သူတို့သြဇာရှိတာကို အသုံးချပြီး နိုင်ငံပိုင်ကုမ္ပဏီတွေကို ထိန်းချုပ်ချယ်လှယ်ခဲ့တဲ့အပြင် ကန်ထရိုက် လိုင်စင်တွေ ရရှိအောင် ဆောင်ရွက်ခဲ့ကြတယ်လို့ ဖေါ်ပြထားပါတယ်။ ဇူးမားကတော့ သူ့မှာ အပြစ်မရှိဖူးလို့ ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
တောင်အာဖရိက သမတ နုတ်ထွက်ပြီ တောင်အာဖရိက သမတ နုတ်ထွက်ပြီ Reviewed by THITHTOOLWIN on 10:09 Rating: 5
Powered by Blogger.