အကြီးဆုံး စစ်အသုံးစရိတ် သမတ ထရမ့် အတည်ပြု


အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်ရဲ့ သမိုင်းမှာ တခါမှမရှိဖူးတဲ့အကြီးမားဆုံး စစ်ရေးအသုံးစရိတ်အဖြစ် ဒေါ်လာ ဘီလီယံ ၇ဝဝ သုံးစွဲဖို့ သမတ ထရမ့်က သောကြာနေ့ မနေ့က လက်မှတ်ထိုးလိုက်ပါတယ်။

ဒီပမာဏဟာ အမေရိကန်ပြည်ထောင်စုနဲ့ အနီးကပ်ဆုံးပြိုင်ဖက်တွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတွေရဲ့ စစ်ရေးအသုံးစရိတ်ထက် အဆများစွာသာလွန်ပြီး တပ်ဖွဲ့ဝင်ထောင်သောင်းများစွာ ပိုမိုဖြည့်တင်းနိုင်သလို စစ်သင်တန်းတွေ စစ်သင်္ဘောတိုးချဲ့မှုတွေ ခေတ်မှီလက်နက်အစားထိုးမှု စတာတွေကိုလည်း ထူးထူးခြားခြား ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ဒါဟာ ပင်တဂွန်အနေနဲ့ အရင်နှစ်ကထက် ဒေါ်လာ ၉၄ ဘီလီယံပိုမိုရရှိတာဖြစ်ပြီး လာမယ့်နှစ်မှာ စစ်ရေးအသုံးစရိတ်ကို ဒေါ်လာ ၇၁၆ ဘီလီယံအထိ တိုးမြှင့်ခွင့်ပြုမယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အကြီးဆုံး စစ်အသုံးစရိတ် သမတ ထရမ့် အတည်ပြု အကြီးဆုံး စစ်အသုံးစရိတ် သမတ ထရမ့် အတည်ပြု Reviewed by THITHTOOLWIN on 07:45 Rating: 5
Powered by Blogger.