မြောက်ကိုရီးယားခေါင်းဆောင်ရဲ့  ညီမ လာရောက်မှု တောင်ကိုရီးယား ကြိုဆို


တောင်ကိုရီးယားမှာပြုလုပ်တဲ့ ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲကို လာရောက်တဲ့ မြောက်ကိုရီးယားအဖွဲ့နဲ့အတူ မြောက်ကိုရီးယားခေါင်းဆောင်Kim Jong Un ရဲ့ ညီမအငယ်ဆုံး Kim Yo Jong လာရောက်ဖို့ရှိတာကြောင့် တောင်ကိုရီးယားဘက်က ကြိုဆိုဖို့ ပြင်ဆင်နေတယ်လို့ သမ္မတအိမ်တော်က သတင်းထုတ်ပြန်ပါတယ်။

Kim Jong Un ရဲ့ ညီမဟာ မြောက်ကိုရီးယားနိုင်ငံ က အာဏာရ အလုပ်သမားပါတီက ထင်ရှားတဲ့ ခေါင်းဆောင်တဦးဖြစ်ပြီး သူဟာ တောင်ကိုရီးယားနိုင်ငံကို လာရောက်မယ့် အဖွဲ့ခေါင်းဆောင် Kim Yong Nam နဲ့အတူ လိုက်ပါလာမှာ ဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံကပြောပါတယ်။

အခုလို မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ညီမဖြစ်သူ အားကစားပွဲကို လာရောက်တယ်ဆိုတာဟာ ကိုရီးယားကျွန်းဆွယ်မှာ ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို မြောက်ကိုရီးယားဘက်က လိုက်လျောပြီး လျော့ချလိုက်တဲ့ အနေအထားဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတအိမ်တော် ပြောရေးဆိုခွင့်ရှိသူက ပုံမှန်သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

Photo: AFP
RFA Burmese
https://www.facebook.com/rfaburmese/
မြောက်ကိုရီးယားခေါင်းဆောင်ရဲ့  ညီမ လာရောက်မှု တောင်ကိုရီးယား ကြိုဆို မြောက်ကိုရီးယားခေါင်းဆောင်ရဲ့  ညီမ လာရောက်မှု တောင်ကိုရီးယား ကြိုဆို Reviewed by THITHTOOLWIN on 22:31 Rating: 5
Powered by Blogger.