စက်လှေတိမ်းမှောက် ပျောက်ဆုံးနေသည့် ကလေး (၉) ဦးအနက် (၅ )ဦး၏အလောင်းကို ပြန်လည်တွေ့ ရှိ

ဓါတ်ပုံ - ပျောက်ဆုံးနေသည့် ကလေးများကို ယခု ရှာဖွေနေစဉ်
ကချင်ပြည်နယ် အင်းတော်ကြီးကန်အတွင်း စက်လှေတိမ်းမှောက် ပျောက်ဆုံးနေသည့် ကလေး (၉) ဦးအနက် (၅ )ဦး၏ အလောင်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့  ယနေ့ နံနက် ၉ နာရီကျော်အချိန်က ပြန်လည်ဆယ်ယူရရှိခဲ့ကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည် ။


အဆိုပါ စက်လှေသည် အင်းတော်ကြီး ရွှေမြဉ္ဇူဘုရားပွဲတော်မှ လုံးစန့်ကျေးရွာသို့အပြန်တွင် နန့်တောင်းဆည်နှင့် နန့်မီးလောင်ကြား၌ ဖေဖော်ဝါရီလ ၂၅ ရက်နေ့  ညနေ ၆ နာရီခန့်က တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

ကျောင်းသူ/ကျောင်းသားများ တင်ဆောင်လာသည့် စက်လှေတိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စက်လှေထဲတွင်ပါဝင်သည့် ကလေးများ၏ မိသားစုများထံမှ သိရသည်။


စက်လှေထဲတွင် စုစုပေါင်း (၁၈) ဦးသယ်ဆောင်ခဲ့ပြီး ယမန်နေ့ က ၉ ဦး ဆယ်ယူရရှိထားကာ ပျောက်ဆုံးတဲ့ ကလေး (၉) ဦးအနက် (၅ )ဦး၏အလောင်းကို ယနေ့ ဆယ်ယူရရှိခြင်းဖြစ်သည်။ လက်ရှိအချိန်ထိ ကျန်ရှိသူများ ပျောက်ဆုံးလျက်ရှိနေကြောင်း The Voice of Shan-Ni သတင်းအရ သိရသည်။

သစ်ထူးလွင်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ