အမေရိကန် နဲ့ တရုတ် ကုန်သွယ်ရေး အဖုအထစ်ဖြစ်

Photo: AP
အမေရိကန် နဲ့ တရုတ် ကုန်သွယ်ရေး တင်းမာမှုလေးတွေ ပေါ်ထွက်နေတဲ့အချိန်မှာ ရာဘာနဲ့ ပလတ်စတစ် ထုတ်လုပ်ရေးလုပ်ငန်းမှာ အဓိကသုံးရတဲ့ ဓါတုဆေးတစ်မျိုးကို အမေရိကန်နိုင်ငံကနေ ဈေးပေါပေါနဲ့ တင်သွင်းနေတဲ့ ကုမ္ပဏီတစ်ခုကို တရုတ်အစိုးရက စည်းမျဉ်းတွေ တင်းကြပ် လိုက်ပါတယ်။

အဲဒီ ကုမ္ပဏီဟာ ထိုင်ဝမ်နဲ့ တောင်ကိုရီးယားတို့ကနေ စတိုင်ရိန်း styrene ဓါတုဆေးတွေကို မူမှန် ပေါက်ဈေးထက် ၅ ရာနှုန်းကနေ ၁၀ ရာနှုန်းအထိ လျှော့ပြီး အောက်ဈေးနဲ့ ဖြန့်ဖြူးနေတယ်လို့ စွပ်စွဲ စုံစမ်းနေပါတယ်။

ဒီလို ဈေးလျှော့ ရောင်းချနေတဲ့အတွက် တရုတ် စတိုင်ရိန်း ထုတ်လုပ်ရေး လုပ်ငန်းရှင်တွေကို အများကြီး ထိခိုက်နစ်နာစေတယ်လို့ တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီ စတိုင်ရိန်းဟာ သားရေထည်ပစ္စည်းတွေ ပလတ်စတစ်ပစ္စည်းတွေနဲ့ ကားတိုင်ယာလို ရာဘာထွက်ကုန်တွေ ထုတ်လုပ်ရေးမှာ အဓိကကျတဲ့ ဓါတုဆေး ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

အမေရိကန် နဲ့ တရုတ် ကုန်သွယ်ရေး အဖုအထစ်ဖြစ် အမေရိကန် နဲ့ တရုတ် ကုန်သွယ်ရေး အဖုအထစ်ဖြစ် Reviewed by THITHTOOLWIN on 06:15 Rating: 5
Powered by Blogger.