မြိတ်မြို့၏ အနောက်တောင်ဘက် ပင်လယ်ပြင်အတွင်း တရားမဝင် ကင်းမွန်မီးထွန်းလှေ နှစ်စင်း ဖမ်းဆီးရမိ


နေပြည်တော် ၂၈-၂-၂ဝ၁၈

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့အနီး ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ၂၅ ရက် ည ၆ နာရီခွဲခန့်တွင် မြိတ်မြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၈ မိုင်ခန့်အကွာသို့ အရောက်၌ အလျား ၅၆ ပေ၊ အနံ ၁၂ ပေ၊ ရေစူး ပေ ၂ဝ ခန့်ရှိ တရားမဝင် ကင်းမွန်မီးထွန်းလှေ တစ်စင်းအား တွေ့ရှိသဖြင့် သွားရောက်စစ်ဆေးရာ လှေပေါ်တွင် မြန်မာနိုင်ငံသား ဦးရန်အောင်မျိုး (ဘ) ဦးငွေညွန့်အပါအဝင် အမျိုးသား ၁ဝ ဦးအား ဖမ်းဆီးရမိခဲ့သည်။

အလားတူ ဖေဖော်ဝါရီ ၂၆ ရက် ည ၂ နာရီခန့်တွင် အဆိုပါနေရာ၌ အလျား ၆ဝ ပေ ၇ လက်မ၊ အနံ ၁၃ ပေ ၂ လက်မ၊ ရေစူး ၂၂ ပေခန့်ရှိ တရားမဝင် ကင်းမွန်မီးထွန်းလှေ တစ်စင်းအား မြန်မာနိုင်ငံသား ဦးချမ်းမြေ့နိုင်(ဘ) ဦးမြင့်နိုင် အပါအဝင် အမျိုးသား ၁၃ ဦးအား ထပ်မံတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများနှင့် တရားမဝင် ကင်းမွန်မီးထွန်းလှေများအား မြိတ်မြို့နယ် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia
မြိတ်မြို့၏ အနောက်တောင်ဘက် ပင်လယ်ပြင်အတွင်း တရားမဝင် ကင်းမွန်မီးထွန်းလှေ နှစ်စင်း ဖမ်းဆီးရမိ မြိတ်မြို့၏ အနောက်တောင်ဘက် ပင်လယ်ပြင်အတွင်း တရားမဝင် ကင်းမွန်မီးထွန်းလှေ နှစ်စင်း ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 10:49 Rating: 5
Powered by Blogger.