ဖားကန့်မြို့နယ်တွင် ငွေကျပ်သိန်း (၂၁၁၄၉)တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


မြစ်ကြီးနား ဖေဖော်ဝါရီ ၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် မန္တလေးမှ ဖားကန့်သို့မောင်းနှင် လာသော ယုဒီ(၁၂)ဘီးယာဉ်(၁)စီး အတွင်းမှ ငွေကျပ် စုစုပေါင်းသိန်း (၂၁၁၄၉)တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ ကြောင်းသိရှိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ(၄)ရက်နေ့၊ ညနေ(၄)နာရီခန့်က ကာမိုင်းနယ်မြေ ရဲစခန်းမှ အနောက်မြောက်ဘက် (၂၄)မိုင်ခန့်အကွာရှိ နန့်တိန်ကျေးရွာတွင် ရှေ့တန်းခလရ(၂၅၅)မှ ဗိုလ်မှူးနိုင်ဝင်းအောင် ဦးစီးစစ်ကြောင်းရုံးနှင့် တပ်စိတ်ဗိုလ်အောင်ဇော်လင်း ဦးစီးအဖွဲ့တို့သည် မန္တလေးမှ ဖားကန့်သို့ မောင်းနှင်လာသော ရန်ကုန်တိုင်းဒေသကြီးတွင်နေထိုင်သူ ယာဉ်မောင်း ဦးဖြိုးကျော်(၂၅)နှစ်၊ ရှမ်းပြည်နယ် တောင်ပိုင်းနေထိုင်သူ ယာဉ်နောက်လိုက် ဂျီတော(၄၃)နှစ် လိုက်ပါလာပြီး ယာဉ်အမှတ်9B/------- နီဆန်းအမျိုးအစား ယုဒီ(၁၂)ဘီးယာဉ် (ဖြူကြား/မီးခိုး ရောင်)ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ကုန်စုံပစ္စည်းများနှင့် ရောနှောတင်လာသည့် RUBY စီးကရက် ဂျက်ဖာ(၇)ပုံးအတွင်းတွင် 88/1 စိတ်ကြွရူးသွပ်ဆေးပြား(၁)ထုပ်လျှင် (၁၉၅)ပြားပါ အထုပ်သေး(၃၀)ထုပ် ပေါင်း (၅၈၅၀)ပြားပါ အထုတ်ကြီး (၃၇)ထုတ်၊ စုစုပေါင်းဆေးပြား(၂၁၆၄၅၀)ပြားပါဝင်ပြီး ဒေသပေါက်ဈေး (၁)ပြား လျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းကာလတန်ဖိုးငွေကျပ် သိန်း(၁၀၈၂၂ဒသမ၅)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဖြူ (၁)ခွက်လျှင် (၁၀)ဂရမ်ခန့်စီပါ ရောင်စုံဆပ်ပြာခွက်(၁၀၈၇)ခွက်ပါဝင်ပြီး ဒေသပေါက်ဈေး(၁)ကီလိုလျှင် ကျပ်သိန်း(၉၅၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် သိန်း(၁၀၃၂၆ဒသမ၅)တန်ဖိုးရှိပြီး မူးယစ်ဆေးဝါးစုစုပေါင်းကာလတန်ဖိုး ငွေကျပ်သိန်း (၂၁၁၄၉)တန်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

မူးယစ်ဆေးဝါးသက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသော တရားခံ (၂)ဦးအား ရှေ့တန်း ခလရ(၂၅၅)မှ ကြည်း ၇၀၃၆၃ ဗိုလ်အောင်ဇော်လင်းမှ ထောက်(၄)ပြေစာဖြင့် လွှဲပြောင်းအပ်နှံချက်အရ မူးယစ်တပ်စု(၃) လ ၁၈၇၅၃၀ ရဲအုပ်နေလင်းထွန်းမှ အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။

EPN
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဖားကန့်မြို့နယ်တွင် ငွေကျပ်သိန်း (၂၁၁၄၉)တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ဖားကန့်မြို့နယ်တွင် ငွေကျပ်သိန်း (၂၁၁၄၉)တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:44 Rating: 5
Powered by Blogger.