ညောင်တုန်းမြို့မှာ ခိုးဝင်ဘင်္ဂလီ(၇)ဦး ဖမ်းမိ


ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဗိုလ်မြတ်ထွန်းတံတား တိုးဂိတ်မှာ မြန်မာစကားမပြောတတ်တဲ့ ခိုးဝင်ဘင်္ဂလီ (၇)ဦး ဖမ်းဆီး ရမိခဲ့ပါတယ်။ ဖေဖော်ဝါရီလ(၈)ရက် ညနေ(၆)နာရီလောက်က ပုသိမ်ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ကားပေါ်မှာ ခိုးဝင်ဘင်္ဂလီ (၇)ဦး၊ ပွဲစား(၁)ဦးနဲ့ ယာဉ်မောင်း(၁)ဦးတို့ကို ဖမ်းမိခဲ့တာပါ။

 ခိုးဝင်ခဲ့တဲ့ဘင်္ဂလီ (၇)ဦးဟာ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကနေ စက်လှေနဲ့ထွက်ခွာ ခဲ့တာဖြစ်ပြီး အမ်းမြို့ကို (၃)ရက်အထိ လမ်းလျှောက်ခဲ့ရတယ်လို့ ရဲစစ်ဆေးချက်တွေအရ သိရပါတယ်။ သူတို့ကို အမ်းမြို့နေ ပွဲစားမောင်ဟင်းက တစ်ယောက်ကို (၁၆)သိန်းနဲ့ ရန်ကုန်ကို ပို့ဆောင်ပေး မယ်ဆိုပြီး ခေါ်ဆောင်လာရာကနေ ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး က ဒုရဲမှူးကြီး ခင်မောင်လတ်ကပြောပါတယ်။

 ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပွဲစားမောင်ဟင်းကို ညောင်တုန်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ ညောင်တုန်းမြို့မှာ အခုလအစောပိုင်းကလည်း ခိုးဝင်ဘင်္ဂလီ (၂၁)ဦးကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။

သတင်း - ကိုလတ်(ပုသိမ်)(5 Plus News)
5 PLUS NEWS
https://www.facebook.com/5plusnews/
ညောင်တုန်းမြို့မှာ ခိုးဝင်ဘင်္ဂလီ(၇)ဦး ဖမ်းမိ ညောင်တုန်းမြို့မှာ ခိုးဝင်ဘင်္ဂလီ(၇)ဦး ဖမ်းမိ Reviewed by THITHTOOLWIN on 19:04 Rating: 5
Powered by Blogger.