တိုက်ပွဲတွေကြောင့် သိန္နီမြို့ဆီ ထွက်ပြေးလာသူ ၅၀၀နီးပါးရှိ

 ကျောက်မဲမြို့နယ်မှာလည်း စစ်ရှောင်ပြည်သူ တထောင်နီးပါး နေရပ် မပြန်နိုင်သေး
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တဝိုက်မှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA ) နဲ့ အစိုးရ တပ်မတော် အကြား တိုက်ပွဲတွေကြောင့် သိန္နီမြို့အထိ ထွက်ပြေး တိမ်းရှောင်လာကြသူတွေ ၅၀ဝနီးပါး ရှိနေပြီ ဖြစ်ပါတယ်။

လောလောဆယ် ကွတ်ခိုင်မြို့နယ်ထဲက ရွာ ၂ရွာက ဒေသခံ နှစ်ရာ နီးပါး သိန္နီမြို့နယ်ထဲက ကောင်းအိုင် ဘုန်းတော်ကြီးကျောင်းမှာ စစ်ရှောင် ဒုက္ခသည်တွေ အဖြစ် ခိုလှုံနေရသလို သိန္နီမြို့နယ်ထဲက မိုင်းပါးရွာမှာလည်း အလားတူ စစ်ရှောင် ပြည်သူတချို့ ရောက်နေတယ်လို့ သိရပါတယ်။

အခုအခါ ၅၀၀နီးပါး ဖြစ်လာတဲ့ စစ်ရှောင်ပြည်သူတွေအတွက် အဝတ်အထည်နဲ့ စားစရာတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းမြောက်တိုက်ပွဲ တွေကြောင့် စစ်ရှောင်သူ ထောင်ကျော်ပြီ

ဇန်နဝါရီလက ကျောက်မဲ မြို့နယ်ထဲမှာ ဖြစ်တဲ့တိုက်ပွဲတွေ ကြောင့်လည်း ကျောက်မဲမြို့နယ်မှာ စစ်ရှောင်ပြည်သူ တထောင်နီးပါး နေရပ်ရင်း မပြန်နိုင်သေးဘဲ ဖြစ်နေပါတယ်။

BBC Burmese
http://www.bbc.com/burmese
တိုက်ပွဲတွေကြောင့် သိန္နီမြို့ဆီ ထွက်ပြေးလာသူ ၅၀၀နီးပါးရှိ တိုက်ပွဲတွေကြောင့် သိန္နီမြို့ဆီ ထွက်ပြေးလာသူ ၅၀၀နီးပါးရှိ Reviewed by THITHTOOLWIN on 11:04 Rating: 5
Powered by Blogger.