လှိုင်သာယာမြို့နယ်၌ မီးလောင်မှုဖြစ် နေအိမ် ၉ လုံး မီးလောင်ဆုံးရှုံး


၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ၀၇း၄၅ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ရွှေအိုကြီး ဆန်ဂိုထောင်ရှေ့နှင့် Hanta-1 အထည်ချုပ်စက်ရုံဘေး လမ်းဘေးကျူးတဲနေ မသီတာချို(၂၆)နှစ်သည် ထင်းမီးဖြင့် ထမင်းအိုးတည်ပြီး အလုပ်သွားရာ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့၍ ဓနိမိုး၊ ထံရံကာ နေအိမ် ၉ လုံး မီးလောင်ခဲ့ပြီး ၀၈း၀၅ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။


အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ၁၀၂၅ အချိန်တွင် မသီတာချို (ဖမ်းမိ)အား လှိုင်သာယာမြို့မရဲစခန်း(ပ)၇၁၇/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၈၅(မီးလောင်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
လှိုင်သာယာမြို့နယ်၌ မီးလောင်မှုဖြစ် နေအိမ် ၉ လုံး မီးလောင်ဆုံးရှုံး လှိုင်သာယာမြို့နယ်၌ မီးလောင်မှုဖြစ် နေအိမ် ၉ လုံး မီးလောင်ဆုံးရှုံး Reviewed by THITHTOOLWIN on 12:58 Rating: 5
Powered by Blogger.