အပစ်ရပ် ၈ ဖွဲ့နဲ့ တရုတ် အထူးကိုယ်စားလှယ် တွေ့ဆုံ

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီက ဗိုလ်မှူးကြီး စိုင်းငင်း ကို တွေ့ရစဉ်/ Photo: RFA
NCA စာချုပ်မှာ ကျန်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် တရုတ်နိုင်ငံဘက်က ဘယ်လိုအကူအညီပေးနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး  တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူး ကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်းနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ကိုယ်စားလှယ်တွေ မနေ့က ရန်ကုန်မြို့က တရုတ်သံရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

NCA ကိုအားလုံးပါဝင်လက်မှတ်ရေးထိုးနိုင်ဖို့ အစိုးရနဲ့တပ်မတော်ဘက်က အခင်းအကျင်းတစ်ခုဖွင့်ထားဖို့လိုပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေ တိုက်ရိုက်တွေ့ဆုံနိုင်ရေးအတွက် တရုတ်နိုင်ငံဘက်ကလည်း ကြိုးပမ်း ဆောင် ရွက်ပေးနေတဲ့အကြောင်း မစ္စတာဆွန်ကော်ရှန်းက ပြောခဲ့တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီက ဗိုလ်မှူးကြီး စိုင်းငင်း က ပြောပါတယ်။

"NCA ကို အားလုံးပါဝင်လက်မှတ်ရေးထိုးနိုင်ဖို့ အစိုးရဘက်ကကော၊ တပ်မတော်ဘက်ကကော အခင်းအကျင်းလေးတော့ ဖွင့်ထားရမှာပေါ့ အဲ့လိုတော့ သူတို့တစ်ချက်ထောက်ပြတယ်။ အဓိကကတော့ သက်ဆိုင်ရာ နှစ်ဦးနှစ်ဖက်ကြားက တိုက်ရိုက်ဆွေးနွေးတာ ပိုအဆင်ပြေမယ်ဆိုတဲ့အနေအထား လည်း ပြောပါတယ်။ သူတို့ဘက်ကတော့ တက်နိုင်သလောက် နှစ်ဦးနှစ်ဖက်တွေ့ဆုံနိုင်အောင် ကြိုးပမ်းနေပါတယ်ဆိုတဲ့အကြောင်း အဲလောက်ပဲ သူပြန်ဆွေးနွေးပါတယ်။"

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေး ထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာအလုပ်အဖွဲ့ကို ဖွဲ့စည်းထားပြီး အဖွဲ့ ၈ ဖွဲ့ကိုယ်စားပြုတဲ့ ဆွေးနွေးပွဲတွေကို အဲဒီအလုပ်အဖွဲ့က တက်ရောက်ဆွေးနွေးကြတာဖြစ်ပါတယ်။

အပစ်ရပ်လက်မှတ်ရေးထိုးပြီးအဖွဲ့ ၈ ဖွဲ့က တာဝန်ရှိသူတွေဟာ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့က ခေါင်းဆောင်တွေနဲ့လည်း ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီတွေ့ဆုံမှုမှာတော့ လာမယ့် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ဘယ်လိုအခင်းအကျင်းနဲ့ သွားမလဲ ဆိုတာမျိုးကို ဆွေးနွေးခဲ့ပြီး အရင်လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့ ၈ ဖွဲ့နဲ့ နောက်လက်မှတ်ထိုးလာမယ့် အဖွဲ့အစည်းတွေကြား ကွာဟချက်တွေမရှိအောင် ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဗိုလ်မှူးကြီး စိုင်းငင်း က ပြောပါတယ်။NCA စာချုပ်မှာ ကျန်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် တရုတ်နိုင်ငံဘက်က ဘယ်လိုအကူအညီပေးနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး  တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူး ကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်းနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ကိုယ်စားလှယ်တွေ မနေ့က ရန်ကုန်မြို့က တရုတ်သံရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

NCA ကိုအားလုံးပါဝင်လက်မှတ်ရေးထိုးနိုင်ဖို့ အစိုးရနဲ့တပ်မတော်ဘက်က အခင်းအကျင်းတစ်ခုဖွင့်ထားဖို့လိုပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေ တိုက်ရိုက်တွေ့ဆုံနိုင်ရေးအတွက် တရုတ်နိုင်ငံဘက်ကလည်း ကြိုးပမ်း ဆောင် ရွက်ပေးနေတဲ့အကြောင်း မစ္စတာဆွန်ကော်ရှန်းက ပြောခဲ့တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီက ဗိုလ်မှူးကြီး စိုင်းငင်း က ပြောပါတယ်။

"NCA ကို အားလုံးပါဝင်လက်မှတ်ရေးထိုးနိုင်ဖို့ အစိုးရဘက်ကကော၊ တပ်မတော်ဘက်ကကော အခင်းအကျင်းလေးတော့ ဖွင့်ထားရမှာပေါ့ အဲ့လိုတော့ သူတို့တစ်ချက်ထောက်ပြတယ်။ အဓိကကတော့ သက်ဆိုင်ရာ နှစ်ဦးနှစ်ဖက်ကြားက တိုက်ရိုက်ဆွေးနွေးတာ ပိုအဆင်ပြေမယ်ဆိုတဲ့အနေအထား လည်း ပြောပါတယ်။ သူတို့ဘက်ကတော့ တက်နိုင်သလောက် နှစ်ဦးနှစ်ဖက်တွေ့ဆုံနိုင်အောင် ကြိုးပမ်းနေပါတယ်ဆိုတဲ့အကြောင်း အဲလောက်ပဲ သူပြန်ဆွေးနွေးပါတယ်။"

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေး ထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာအလုပ်အဖွဲ့ကို ဖွဲ့စည်းထားပြီး အဖွဲ့ ၈ ဖွဲ့ကိုယ်စားပြုတဲ့ ဆွေးနွေးပွဲတွေကို အဲဒီအလုပ်အဖွဲ့က တက်ရောက်ဆွေးနွေးကြတာဖြစ်ပါတယ်။

အပစ်ရပ်လက်မှတ်ရေးထိုးပြီးအဖွဲ့ ၈ ဖွဲ့က တာဝန်ရှိသူတွေဟာ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့က ခေါင်းဆောင်တွေနဲ့လည်း ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီတွေ့ဆုံမှုမှာတော့ လာမယ့် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ဘယ်လိုအခင်းအကျင်းနဲ့ သွားမလဲ ဆိုတာမျိုးကို ဆွေးနွေးခဲ့ပြီး အရင်လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့ ၈ ဖွဲ့နဲ့ နောက်လက်မှတ်ထိုးလာမယ့် အဖွဲ့အစည်းတွေကြား ကွာဟချက်တွေမရှိအောင် ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဗိုလ်မှူးကြီး စိုင်းငင်း က ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
အပစ်ရပ် ၈ ဖွဲ့နဲ့ တရုတ် အထူးကိုယ်စားလှယ် တွေ့ဆုံ အပစ်ရပ် ၈ ဖွဲ့နဲ့ တရုတ် အထူးကိုယ်စားလှယ် တွေ့ဆုံ Reviewed by THITHTOOLWIN on 19:06 Rating: 5
Powered by Blogger.