လိင်အရှုတ်တော်ပုံကြောင့် ယူနီဆက်ဖ် ဒု အကြီးအကဲ နုတ်ထွက်


ကုလသမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့ UNICEF ဒုတိယ အကြီးအကဲ Justin Forsyth ရာထူးက နုတ်ထွက် သွားပါတယ်။

သူယူနီဆက်ဖ်မှာ မလုပ်ခင် တုန်းက Save the Children အဖွဲ့က အမျိုးသမီး ၀န်ထမ်းတွေဆီ မဖွယ်မရာ တက်စ် မက်ဆေ့ခ်ျတွေ ပို့ခဲ့သလို ရာထူးနဲ့ မဆီလျော်တဲ့ ဝေဖန် ပြောဆိုချက်တွေ လုပ်ခဲ့တယ်လို့ မစ္စတာ ဖောဆိုက်သ် စွပ်စွဲ ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီအမှားတွေကြောင့် သူ့ရာထူးကို စွန့်လွှတ်မှာ မဟုတ်ပေမယ့် သူတန်ဖိုးထားတဲ့ လက်ရှိ လုပ်နေတဲ့ ယူနီဆက်ဖ် အဖွဲ့ ဂုဏ်သိက္ခာ မထိခိုက်စေချင်လို့ အခုလို ဆုံးဖြတ်ရတာလို့ သူက ဆိုပါတယ်။

တချိန်တည်းမှာ လိင်ပိုင်းဆိုင်ရာ မတော်မတရားလုပ်မှု အရှုတ်တော်ပုံကြောင့် ဗြိတိန်က ကယ်ဆယ်ကူညီရေး Oxfam အောက်စ်ဖန် အဖွဲ့ရဲ့ လုပ်ငန်းတွေကို ဟေတီ နိုင်ငံက ရပ်ဆိုင်းပစ်လိုက်ပါတယ်။

၂၀၁၀ တုန်းက သူတို့နိုင်ငံမှာ ငလျင်ဒဏ် ခံခဲ့ရပြီးနောက် အားနည်းချက် ဆိုးရွားတဲ့ ဟာကွက်တွေနဲ့ ပတ်သက်လို့ စုံစမ်းရေး အဖွဲ့ ဖွဲ့ပြီး စစ်ဆေး နေတယ်လို့ ဟေတီ ၀န်ကြီးတယောက်က ပြောပါတယ်။

RFA Burmese
http://www.bbc.com/burmese
လိင်အရှုတ်တော်ပုံကြောင့် ယူနီဆက်ဖ် ဒု အကြီးအကဲ နုတ်ထွက် လိင်အရှုတ်တော်ပုံကြောင့် ယူနီဆက်ဖ် ဒု အကြီးအကဲ နုတ်ထွက် Reviewed by THITHTOOLWIN on 08:35 Rating: 5
Powered by Blogger.