ထော်လာဂျီနှင့် ဆိုင်ကယ်တိုက်မိရာမှ ကျောင်းသား(၂)ဦးသေဆုံး


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်မှာ ဖေဖော်ဝါရီ(၁၂)ရက်မွန်းတည့်ချိန်က ထော်လာဂျီနဲ့ ဆိုက်ကယ်တိုက်မိရာက အထက်တန်းကျောင်းသားနှစ်ဦး သေဆုံးခဲ့တယ်လို့ မြို့မရဲစခန်းမှတ်တမ်းတွေအရ သိရပါတယ်။

 ဖြစ်စဉ်မှာ ပဲခူးမြို့၊ မက္ကတစ်လမ်းအတိုင်းမောင်းနှင်လာတဲ့ ထော်လာဂျီက ဆိုရှယ်လစ်(၂၃)ထဲကိုချိုးကွေ့ချိန်၊ လူငယ်(၃)ဦးစီးနင်းမောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့ချိတ်မိကာ လူတွေနဲ့ဆိုင်ကယ်ကို ထော်လာဂျီဘီးနဲ့ကျိတ်မိတာဖြစ်တယ်လို့သိရပါတယ်။

 အဲဒီဖြစ်စဉ်ကြောင့် ဆိုင်ကယ်မောင်းနှင်လာသူ အသက်(၁၇)အရွယ်လူငယ်တစ်ဦးဟာ အခင်းဖြစ်နေရာမှာသေဆုံးခဲ့ပြီး အသက်(၁၆)အရွယ် နောက်တစ်ဦးကတော့ ပဲခူးဆေးရုံကြီးမှာ ပို့ဆောင်ကုသနေစဉ်မှာ သေဆုံးခဲ့ပါတယ်။

 ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထော်လာဂျီယာဉ်မောင်းကိုသူကို ပဲခူးမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၃၃၇/၃၃၈တို့နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို ပဲခူးဗျူရိုက အောင်စည်သူဖြိုးပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb

ထော်လာဂျီနှင့် ဆိုင်ကယ်တိုက်မိရာမှ ကျောင်းသား(၂)ဦးသေဆုံး ထော်လာဂျီနှင့် ဆိုင်ကယ်တိုက်မိရာမှ ကျောင်းသား(၂)ဦးသေဆုံး Reviewed by THITHTOOLWIN on 20:43 Rating: 5
Powered by Blogger.