လွိုင်ကော်မြို့၊ ထေးငှားလျားရပ်ကွက်ရှိ နေအိမ်(၁)လုံးမီးလောင်ကျွမ်းရာမှ အသက် (၅၉)နှစ်အရွယ် အမျိုးသမီး (၁)ဦးသေဆုံး


လွိုင်ကော် ဖေဖော်ဝါရီ ၁၅

၂၀၁၈ ခု၊ ဖေဖော်ဝါရီလ (၁၄)ရက် ည (၁၀း၃၀)အချိန် လွိုင်ကော်မြို့နယ် မီးသတ်စခန်းမှ (၂)မိုင်ခန့် ကွာဝေးသည့် ပန်းသီရိဒေါရပ်ကွက်တွင် မီးလောင်နေကြောင်း ပြည်သူတစ်ဦးမှ ဖုန်းဖြင့် သတင်းပို့ရာ ည (၁၀း၄၀)အချိန်သင်းရရှိခဲ့ပြီး မီးလောင်မှုဖြစ်ပွားရာသို့ ည(၁၀း၄၁)အချိန် ခရိုင်မီးသတ်ဦးစီးမှူး ဦးခင်မောင်သန်း ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် (၁၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅)ဦး၊ အုပ်ချုပ်မှုယာဉ် (၁)စီး၊ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ်(၁)စီး တို့ဖြင့် ထွက်ခွာပြီးမီးငြှိမ်းသတ်ခဲ့ရာ ည (၁၁း၀၀)နာရီအချိန် မီးငြှိမ်းခဲ့ပြီး ရေဂါလံ (၈၀၀)ခန့် အသုံးပြုခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်မှာ အိမ်ရှင် ဒေါ်အေးဒေ၏ အိမ်ငှား ဒေါ်ဝင်း၊ အသက်(၅၉)နှစ်ဟု သိရပြီး (၁၀x၁၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်ဖြစ်ပြီး မီးဖိုမီးကြွင်းမီးကျန်မှ အနီးရှိ ထရံသို့ ကူးစက်လောင်ကျွမ်းသဖြင့် နေအိမ်(၁)လုံး မီးလောင်ကျွမ်းခဲ့ရာ တန်ဖိုးအားဖြင့် (၅၀၀၀၀ိ/-)ကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့သည်။

 ၎င်းနေအိမ်တွင်နေထိုင်သူ ဒေါ်ဝင်းအား မတွေ့ရှိဘဲ မီးလောင်မှုတွင် ရုပ်အလောင်းတစ်ခု၏ အပိုင်းအစများတွေ့ရှိသဖြင့် လူ(သို့)တိရိစ္ဆာန်ခွဲခြား၍မရ၍ လွိုင်ကော်မြို့နယ် ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ထားပြီး အတည်ပြုချက်ရယူရာ ဖေဖော်ဝါရီ (၁၅)ရက် နံနက် (၉း၀၀)နာရီအချိန် အဆိုပါဆေးရုံရှိ ရင်ခွဲရုံ၌ ဆရာဝန်များ၏စစ်ဆေးချက်အရ သားအိမ်တွေ့ရှိကြောင်းနှင့် အမျိုးသမီးအလောင်းဖြစ်ကြောင်းသိရှိရသည်။

 အတူနေထိုင်သော သားဖြစ်သူ ၀င်းကိုကို ၊ အသက် (၁၈)နှစ်၊ ကျဘမ်းလုပ်၊ ပန်းသီရိဒေါရပ်၊နာနတ်တောရပ်ကွက်နေသူအား ခေါ်ယူမေးမြန်းဆောင်ရွက်ခဲ့ရာ ၎င်းမိခင် ဒေါ်ဝင်း ၊ဗမာ/ဗုဒ္ဓ၊ ကျဘမ်းလုပ်ကိုင်သူဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ ဆေးစာရေးသားပေးပို့ထားရှိပြီး လွိုင်ကော်မြို့မရဲစခန်းကအမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါမီးလောင်ကျွမ်းရာနေရာသို့ လွိုင်ကော်ခရိုင်အုပ်ချုပ်ရေးမှူးဦးစန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးနှင့် တာဝန်ရှိသူများမှ သွားရောက်ခဲ့ကြောင်း သိရသည်။

ကိုစိုင်း (လွိုင်ကော်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လွိုင်ကော်မြို့၊ ထေးငှားလျားရပ်ကွက်ရှိ နေအိမ်(၁)လုံးမီးလောင်ကျွမ်းရာမှ အသက် (၅၉)နှစ်အရွယ် အမျိုးသမီး (၁)ဦးသေဆုံး လွိုင်ကော်မြို့၊ ထေးငှားလျားရပ်ကွက်ရှိ နေအိမ်(၁)လုံးမီးလောင်ကျွမ်းရာမှ အသက် (၅၉)နှစ်အရွယ် အမျိုးသမီး (၁)ဦးသေဆုံး Reviewed by THITHTOOLWIN on 14:48 Rating: 5
Powered by Blogger.