အင်ဒိုနီးရှား အိမ်ဖေါ်တဦး သေဆုံးမှု မလေးရှား မောင်နှမနှစ်ဦး အဖမ်းခံရ


မလေးရှားနိုင်ငံကို တရားမဝင်သွားရောက်ပြီး အိမ်ဖော်လုပ်နေတဲ့ အင်ဒိုနီးရှားအမျိုးသမီးတဦး သေဆုံးမှုအတွက် အိမ်ရှင်မောင်နှမနှစ်ယောက်ကို ဖမ်းဆီးလိုက်ပါတယ်လို့ မလေးရှားရဲက ပြောပါတယ်။

အဲဒီ အမျိုးသမီးဟာ မလေးရှားမှာအိမ်ဖော်လုပ်နေတာ ၂ နှစ်ရှိပြီဖြစ်ပါတယ်။

သေဆုံးသူ အက်ဒလီနာဆိုတဲ့ အမျိုးသမီးရဲ့ ဦးခေါင်းနဲ့မျက်နှာတွေဟာ ယောင်ကိုင်းနေပြီးတော့ ခြေထောက်နဲ့ လက်တွေမှာလည်း ဒဏ်ရာအမြောက်အများတွေ့ရတယ်လို့ ရဲမှတ်တမ်းမှာ ရေးသားထားပါတယ်။

အက်ဒလီနာကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ရွေ့ပြောင်းလုပ်သားများကာကွယ်ရေးအဖွဲ့က ကယ်တင်ခဲ့ပြီးနောက် ဆေးရုံကိုပို့ခဲ့ပါတယ်။ သူဟာ ဆေးရုံရောက်ပြီးနောက်နေ့မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံဟာ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ စက်ရုံနဲ့ အိမ်ဖော်လုပ်ငန်းတွေမှာ အသုံးပြုဖို့ တရားဝင်ရော တရားမဝင်လာရောက်လုပ်ကိုင်သူ အင်ဒိုနီးရှားလုပ်သား ၂ သန်းလောက်ကို အားပြုနေရတာဖြစ်ပါတယ်။

မလေးရှားနိုင်ငံဟာ ရွှေ့ပြောင်းလုပ်သားတွေကို ဆွဲဆောင်တဲ့ တိုင်းပြည်တပြည်ဖြစ်ပေမဲ့ အလုပ်သမားတွေရတဲ့လစာငွေဟာ နည်းပါးလှသလို အလုပ်သမားတွေကို ကာကွယ်ပေးတဲ့ ဥပဒေတွေလည်း မရှိပါဘူး။

၂၀၁၄ ခုနှစ်မှာတော့ အိမ်ဖော်အင်ဒိုနီးရှားအမျိုးသမီးကို အသက်သေဆုံးသည်အထိ အစာအငတ်ခံထားခဲ့တဲ့ မလေးရှားဇနီးမောင်နှံ ၂ ဦးကို သေဒဏ်ပေးခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အင်ဒိုနီးရှား အိမ်ဖေါ်တဦး သေဆုံးမှု မလေးရှား မောင်နှမနှစ်ဦး အဖမ်းခံရ အင်ဒိုနီးရှား အိမ်ဖေါ်တဦး သေဆုံးမှု မလေးရှား မောင်နှမနှစ်ဦး အဖမ်းခံရ Reviewed by THITHTOOLWIN on 00:42 Rating: 5
Powered by Blogger.