ဆီမန်းလိမ်းပေးတဲ့ ဗေဒင်ဆရာ အောင်ချစ်ပို ကို ဖမ်းလိုက်ပြီ

Photo - Aung Chit Po (facebook)
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရားရှိ ဗေဒင်ဆရာ အောင်ချစ်ပို(၃၅)နှစ်ကို ဆယ်တန်းစာမေးပွဲ အောင်မြင်ရန်အတွက် ဗေဒင်လာမေးတဲ့ မိန်းကလေးအား အယုံသွင်းခြိမ်းခြောက်ကာ ရင်သားနှင့် မိန်းမကိုယ်အား လက်ဖြင့်ကိုင်တွယ် ဆီမန်းလိမ်းပေးကြောင်း ဖေဖော်ဝါရီလ ၇ ရက်နေ့ က တိုင်တန်းမှုကြောင့် ကာယိနြေ္ဒပျက်စီးစေမှု / ခြိမ်းခြောက်မှုနှင့် ဖမ်းဆီး အမှုဖွင့် စစ်ေ်ဆးနေကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ရက်မမှတ်မိတွင် မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်း ရပ်ကွက်နေ မ ------(၂၂)နှစ်သည် ဆယ်တန်းစာမေးပွဲ အောင်မြင်ရန်အတွက် စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရားရှိ ဗေဒင်ဆရာ အောင်ချစ်ပို(၃၅)နှစ်၏ ဗေဒင်ဟောခန်းသို့ သူငယ်ချင်းဖြစ်သူနှင့် သွားရောက်ဗေဒင်မေးစဉ် အောင်ချစ်ပိုမှပါလာသည့် သူငယ်ချင်းအား အပြင်သို့ထွက်ခိုင်းပြီး စာမေးပွဲ အောင်မြင်ရန်နှင့် အချစ်ရေး အောင်မြင်ရန်အတွက် ဗေဒင်ဆရာကိုယ်တိုင် အဆောင်ထည့်ပေးမှ စွမ်း မည်ဟုပြောဆိုကာ မ----၏ရင်သားကြားသို့ လူနှစ်ယောက် ဖက်နေသည့် ရွှေရုပ်အဆောင် ယတြာ အား ထည့်ကာ ကိုင်တွယ်ခြင်းပြုလုပ်သည့်အပြင် ရင်သားနေရာကို ဆီမန်းလိမ်းရမည် မလိမ်းပါက စာမေးပွဲကျမည်ဟု အယုံသွင်းခြိမ်းခြောက်ကာ ရင်သားနှင့် မိန်းမကိုယ်အား လက်ဖြင့်ကိုင်တွယ် ဆီမန်းလိမ်းပေးကြောင်း ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ ၁၅၁၅ အချိန်တွင် မ-----မှ တိုင်တန်းသောကြောင့် အောင်ချစ်ပို(ဖမ်းမိ)အား စမ်းချောင်းမြို့မရဲစခန်းမှ (ပ)၅၄/၂၀၁၈၊ ရာဇသတ် ကြီးပုဒ်မ ၃၅၄/၅၀၆ (ကာယိနြေ္ဒပျက်စီးစေမှု/ ခြိမ်းခြောက်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။

သစ်ထူးလွင်
ဆီမန်းလိမ်းပေးတဲ့ ဗေဒင်ဆရာ အောင်ချစ်ပို ကို ဖမ်းလိုက်ပြီ ဆီမန်းလိမ်းပေးတဲ့ ဗေဒင်ဆရာ အောင်ချစ်ပို ကို ဖမ်းလိုက်ပြီ Reviewed by THITHTOOLWIN on 16:24 Rating: 5
Powered by Blogger.