လောက်ကိုင်မြို့နယ်၌ မိုင်းပေါက်ကွဲမှုကြောင့် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ


နေပြည်တော် ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ် လောက်ကိုင်မြို့နယ် တာစင်ကျိုင်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရှောက်ဝှာ၏ ကြံခင်း၌ အလုပ်လုပ် ကိုင်သူနှစ်ဦးသည် ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခွဲက ကြံခုတ်နေစဉ် မိုင်းပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဦးရှောက်ဝှာ၏ ကြံခင်းအတွင်း အလုပ်လုပ်နေ သည့် ဒိုက်ဦးမြို့နယ် ကြံခင်းစုရွာနေ ဇော်လင်း(၃၆ နှစ်)နှင့် သန်လျင်မြို့နယ် ကရင်ဆိပ်ရွာနေ ထက်လင်းခန့် (၁၉ နှစ်)တို့ နှစ်ဦးသည် ကြံခုတ်၍ ကြံစည်းအား ပစ်ချလိုက်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ထက်လင်းခန့်တွင် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး ဇော်လင်းတွင် ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့၍ လောက်ကိုင်ပြည်သူ့ ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ကိုရဲ
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
လောက်ကိုင်မြို့နယ်၌ မိုင်းပေါက်ကွဲမှုကြောင့် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ  လောက်ကိုင်မြို့နယ်၌ မိုင်းပေါက်ကွဲမှုကြောင့် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 08:45 Rating: 5
Powered by Blogger.