ကမ္ဘောဒီးယား အတိုက်အခံပါတီရဲ့ ဌာနချုပ် အစိုးရ သိမ်းမည်

Photo: Samdech Hun Sen, Cambodian Prime Minister - facebook
ကမ္ဘောဒီးယား တရားရုံးက ဖျက်သိမ်းခံရတဲ့ အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားလွတ်မြောက်ရေး ပါတီ CNRP ဌာနချုပ် အဆောက်အဦးကို သိမ်းဖို့ အမိန့်ထုတ်လိုက်တယ်လို့ ၀န်ကြီးချုပ် ဟွန်းဆန်းက ဒီကနေ့ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက CNRP ပါတီခေါင်းဆောင်တွေကို နိုင်ငံတော် သစ္စာဖေါက်မှုနဲ့ အရေးယူခဲ့ပြီး ပါတီကို ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီပါတီရုံး အဆောက်အဦးဟာ CNRP ခေါင်းဆောင်ဟောင်း Sam Rainsy ပိုင်ဆိုင်တာ ဖြစ်ပြီး သူဟာ လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်း ကို အသရေဖျက်မှုနဲ့ တရားစွဲခံရပြီး ဒေါ်လာတစ်သန်း ဒဏ်ကြေးပေးဆောင်ဖို့ ရှိတာကို မပေးဆောင်တာကြောင့် အဆောက်အဦးကို မြူနီစပယ်က သိမ်းယူတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ ကမ္ဘောဒီးယာနိုင်ငံ ဆီးနိတ်အတွင်း အတိုက်အခံပါတီမပါဘဲ မဲရွေးခဲ့တာမှာ အာဏာရပါတီဝင် ကိုယ်စာလှယ် ၅၈ ဦးလုံး အနိုင်ရသွားပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ အတိုက်အခံပါတီကို ဖျက်သိမ်းလိုက်သလို သတင်းစာတိုက်တချို့နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း တချို့ကို အကြောင်းမျိုးစုံပြပြီး ပိတ်ထားတာလည်းဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ကမ္ဘောဒီးယား အတိုက်အခံပါတီရဲ့ ဌာနချုပ် အစိုးရ သိမ်းမည် ကမ္ဘောဒီးယား အတိုက်အခံပါတီရဲ့ ဌာနချုပ် အစိုးရ သိမ်းမည် Reviewed by THITHTOOLWIN on 22:27 Rating: 5
Powered by Blogger.