ရခိုင်ပြည်နယ် အကြမ်းဖက်မှု စစ်ဆေးဖို့ ကုလ ထပ်မံပြောကြား


ရခိုင်ပြည်နယ် မြောက်ပိုင်း အင်းဒင်ရွာမှာ ရိုဟင်ဂျာ ၁၀ ယောက်ကို သတ်ဖြတ်တဲ့သတင်းဟာ ထိတ်လန့်စရာဖြစ်ပြီး ဒီ အကြမ်းဖက်မှုကို သေသေချာချာ စုံစမ်းစစ်ဆေးဖို့လိုအပ်တာကို ပြသလိုက်တာပဲလို့ ကုလသမဂ္ဂကမနေ့က ပြောကြားလိုက်ပါတယ်။

ဗြိတိန်လေဘာပါတီ အမတ် Rosena Allin-Khan ကလည်း ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ဆရာဝန်တဦးအဖြစ် မနှစ်က လုပ်ကိုင်ခဲ့တုန်းက သူ ကြားခဲ့ရတာတွေနဲ့ Reuters က ခုဖော်ပြတဲ့ သတင်းနဲ့တူတူပဲလို့ BBC သတင်းဌာနကို ပြောပါတယ်။ ဒီလို အစုလိုက်သတ်တာကို ကျမတို့ဘေးကကြည့်နေရတယ်လို့ သူကပြောပြီး သြဂုတ်လကစဖြစ်ချိန်ကစလို့ ဒါဟာ ပထမဆုံးဖွင့်ချတာမို့ ဒီအထောက်အထားတွေဟာ အလှည့်အပြောင်းပါပဲလို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်သူကိုယ်တိုင်ပြောတာ ကြားရတာလို့ ပြောပါတယ်။
ရိုဟင်ဂျာတွေပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေကြောင့် မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ခုံရုံးတင်သင့်တယ်လို့လည်း HRW- လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ကပြောပါတယ်။ Fortify Rights လူ့အခွင့်အရေးအဖွဲ့ကလည်း သီးခြားလွတ်လွတ်လပ်လပ် စစ်ဆေးစုံစမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

ရခိုင်ပြည်နယ် အကြမ်းဖက်မှု စစ်ဆေးဖို့ ကုလ ထပ်မံပြောကြား ရခိုင်ပြည်နယ် အကြမ်းဖက်မှု စစ်ဆေးဖို့ ကုလ ထပ်မံပြောကြား Reviewed by THITHTOOLWIN on 07:55 Rating: 5
Powered by Blogger.