(၅) နှစ်အရွယ် ယောက်ျားလေးအား အဓမ္မပြုကျင့်မှုဖြစ်ပွား

အဓမ္မပြုကျင့်ခံရသူ၏ ပုံမဟုတ်ပါ၊ နမူနာဓါတ်ပုံသာဖြစ်ပါသည်။
မန္တလေး၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၁၈

မန္တလေးမြို့ မဟာအောင်မြေမြို့ သံလျှက်မော်အရှေ့ရပ်ကွက်တွင် (၅) နှစ်အရွယ် ယောက်ျားလေးအား အဓမ္မပြုကျင့်မှု တစ်ခု ဖေဖော်ဝါရီလ ၁၄ ရက်နေ့ က ဖြစ်ပွားခဲ့ကြောင်း မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး က သိရသည်။

သံလျှက်မော်အရှေ့ရပ်ကွက် အကွက်အမှတ် (၄၃၀) နေ မောင် သက်ဖြိုးအောင် (၁၇) နှစ်သည် တစ်ရပ်ကွက်တည်းနေ KG တန်း တက်နေသည့် (၅) နှစ်အရွယ် ယောက်ျားလေးအား ၈၆ လမ်း ၈၇ လမ်းကြားရှိ သားရေစက်ရုံဟောင်းဝင်း အတွင်းသို့ခေါ်၍ စအိုအား လိင်ဆက်ဆံခဲ့ခြင်းဖြစ်သည်။ ထိုသို့ လိင်ဆက်ဆံခံရသည့်အတွက် KG တန်းတတ်နေသည့် (၅) နှစ်အရွယ် ယောက်ျားလေးမှာ စအိုကွဲ ဒဏ်ရာရရှိပြီး မန္တလေးအထွေထွေရောဂါကုဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ ဓမ္မတာနှင့်ဆန့်ကျင်ပြီး ကာမဆက်ယှက်သူ မောင်သက်ဖြိုးအောင် အား အမှတ်(၇) ရဲစခန်းတွင် (ပ) ၇၀/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

နိုင်လင်းဦး
The Fifth Wave News
https://www.facebook.com/fifthwavenews/
(၅) နှစ်အရွယ် ယောက်ျားလေးအား အဓမ္မပြုကျင့်မှုဖြစ်ပွား (၅) နှစ်အရွယ် ယောက်ျားလေးအား အဓမ္မပြုကျင့်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.