မြန်မာ အလုပ်သမား တစ်ထောင်လောက် အလုပ်မဆင်းဘဲ ဆန္ဒပြ

အလုပ်မဆင်းဘဲ ဆန္ဒပြကြတဲ့ မဲဆောက်မြို့၊ ဘန့်ဝမ်းသခီးယန်း ကျေးရွာရှိ Gold File အလုပ်ရုံက အလုပ်သမားတွေကို တွေ့ရစဉ်/ Photo: JACBA
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၊ ဘန့်ဝမ်းသခီးယန်း ကျေးရွာရှိ Gold File အလုပ်ရုံမှာ လုပ်အားခနည်းတဲ့ အပြင် လုပ်ခဖြတ်တောက်မှုတွေ ရှိနေတာကြောင့် မြန်မာအလုပ်သမား တစ်ထောင်လောက်ဟာ ဒီကနေ့ အလုပ်မဆင်းဘဲ ဆန္ဒပြကြပါတယ်။

အလုပ်သမားတွေဟာ တစ်ရက်လုပ်အားခ ဘတ် ၂၀၀ ကျော်ပဲရတာကို မကျေနပ်တဲ့အပြင် ဆက်ဆံရေး မပြေလည်မှုတွေကြောင့် ဆန္ဒပြနေကြတာဖြစ်တယ်လို့ အလုပ်သမားတွေကို အကူအညီပေးနေတဲ့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦးမိုးကြိုး က ပြောပါတယ်။

"Gold File လို့ခေါ်တဲ့ ကျောက်သွေးအလုပ်ရုံပေါ့၊ အဲမှာ မြန်မာအလုပ်သမား ၁၀၀၀ လောက်က လုပ်အားခ ဘတ် ၂၀၀ ကျော်ပဲရတာက တစ်ခု၊ နောက်သူတို့ရဲ့ စာရွက်စာတမ်း သက်တမ်းတိုးရတဲ့အခါတွေမှာ ရှင်းလည်း မပြဘဲနဲ့ သူတို့ဆီကနေ ထပ်ထပ်ဖြတ်နေတာ၊ အဲဒါမျိုးတွေမှာ ပွင့်လင်းမြင်သာမှု မရှိခဲ့တာပေါ့၊ တစ်ခြား လူမှုရေးကိစ္စတွေ ဆက်ဆံရေးပိုင်းဆိုင်ရာတွေလည်း ပါတာပေါ့၊ အဲဒါလေးတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ မကျေမနပ်ဖြစ်ပြီးတော့ ဒီနေ့ပဲ သူတို့အလုပ်မဆင်းဘဲ ဆန္ဒပြကြတာပေါ့"

ထိုင်းဥပဒေအရ အလုပ်သမားတစ်ဦးကို တစ်ရက်လုပ်ခ ထိုင်းဘတ်ငွေ ၃၀၈ ဘတ်ပေးရမယ်လို့ သတ်မှတ်ထား တာ ဖြစ်တယ်လို့ ဦးမိုးကြိုး က ပြောပါတယ်။

အဲဒီ ဆန္ဒပြအလုပ်သမားတွေကို ဥပဒေဘောင်အတွင်းက တောင်းဆိုဖို့အတွက်လည်း  ကူညီသွားမယ်လို့ ဆိုပါတယ်။

Gold File အလုပ်ရုံဟာ ကျောက်မျက်ရတနာတွေကို အကြမ်းထည် သွေးရတဲ့အလုပ်ကို လုပ်ကိုင်ရတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ အများဆုံးလုပ်သက် ၅ နှစ်လောက်ကနေ လပိုင်းလောက် လုပ်ကိုင်ခဲ့သူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

RFA Burmese
https://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ