ကြာကြီးကွင်းကျေးရွာအနီးတွင် ဆီဘောက်ဆာနှင့် ဆိုင်ကယ်တိုက်မိ ဆိုင်ကယ်သမားသေဆုံး


မိုးညှင်း ဖေဖော်ဝါရီ ၂၅

ကချင်ပြည်နယ် မိုးညှင်းမြို့ နယ် ဟိုပင်မြို့ ကြာကြီးကွင်းကျေး ရွာအနီးတွင် ဆီဘောက်ဆာ ယာဉ်နှင့် ဆိုင်ကယ်စီးနင်းသူတို့ မျက်နှာချင်းဆိုင် တိုက်မိရာမှ ဆိုင်ကယ်စီးနင်းသူသေဆုံးသွားခဲ့ သဖြင့် ဟိုပင်နယ်မြေရဲစခန်းမှ ဥပဒေနှင့်အညီ အရေးယူထားခဲ့ ကြောင်း သိရသည်။

စုံစမ်းသိရှိရသည်မှာ ယနေ့ မွန်းလွဲ ၂နာရီ ၄၅မိနစ်တွင် ဟိုပင် နယ်မြေရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ်ဇော်မျိုးမင်းနှင့်အဖွဲ့သည် နယ်မြေအေးချမ်းသာယာရေးအတွက် တာဝန်ထမ်းဆောင်နေစဉ် ဟိုပင် မြို့၏ မြောက်ဘက်ကြာကြီးကွင်း ကျေးရွာအနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ဝိုင်းမော်မြို့ အောင်ချမ်းသာ စက် သုံးဆီဆိုင်တွင် စက်သုံးဆီများပို့ ဆောင်၍ မြစ်ကြီးနား-ရွှေဘို- မန္တလေး-ပြည်ထောင်စုလမ်းမ ကြီးအတိုင်း ယာဉ်မောင်းဦးမြင့် အောင်မောင်းနှင်လာသောMDY-7C/---- NISSAN DIESEL CD45CV အဖြူရောင်ဆီ ဘောက် ဆာယာဉ်သည် မြောက်မှတောင်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာ အရောက်တွင် မျက်နှာချင်းဆိုင်မှ ဦးကျော်လင်းမောင် (လယ်ဦး အမကကျောင်းအုပ် မောင်းနှင်လာ သည့်KENBO 125 အစိမ်းရောင် ဆိုင်ကယ်တို့ တိုက်မိခဲ့ကြသည်။

ထိုသို့တိုက်မိသဖြင့် ဦးကျော် လင်းမောင်တွင် နဖူးယာဘက်၌ နှစ်လက်မခန့် ပေါက်ပြဲဒဏ်ရာ၊ ယာဘက် ပေါင်ရင်းတွင် နှစ် လက်မခန့်ပေါက်ပြဲဒဏ်ရာ၊ ရင် ဘတ် ပွန်းပဲ့ဒဏ်ရာ၊ နှုတ်ခမ်း အထက်အောက်ပေါက်ပြဲဒဏ်ရာ၊ မေးရိုးကျိုး၊ သွားကျိုးဒဏ်ရာများ ရရှိကာနေရာတွင်ပွဲချင်းပြီးသေဆုံး သွားခဲ့သဖြင့် ဒုရဲအုပ်ဇော်မျိုးမင်း က တရားလိုပြုလုပ်၍ အမှုဖွင့်လှစ် ခဲ့သည်။

ထို့ကြောင့် မော်တော်ယာဉ် အား မဆင်မခြင်မောင်းနှင်သော ဦးမြင့်အောင်(၆၁နှစ်) ဧရာထွန်း ရပ်ကွက် စိန်ပန်းရပ် ချမ်းမြသာ စည်မြို့နယ် မန္တလေးတိုင်းဒေသ ကြီးနှင့် ဆိုင်ကယ်အား မဆင် မခြင်မောင်းနှင်သော ဦးကျော် လင်းမောင်(၃၁နှစ်) လယ်ဦးကျေး ရွာ ကြာကြီးကွင်းအုပ်စု ဟိုပင်မြို့ မိုးညှင်းမြို့နယ်နေထိုင်သူတို့အား ဟိုပင်နယ်မြေရဲစခန်းမှ ယာဉ်(ပ) ၅/၂ဝ၁၈ ပုဒ်မ ၃ဝ၄(က)ဖြင့် အမှု ရေးဖွင့်ထားခဲ့ကြောင်း သိရသည်။

ကချင်မြေနဂါး
The Union Daily
https://www.facebook.com/uniondaily.net
ကြာကြီးကွင်းကျေးရွာအနီးတွင် ဆီဘောက်ဆာနှင့် ဆိုင်ကယ်တိုက်မိ ဆိုင်ကယ်သမားသေဆုံး ကြာကြီးကွင်းကျေးရွာအနီးတွင် ဆီဘောက်ဆာနှင့် ဆိုင်ကယ်တိုက်မိ ဆိုင်ကယ်သမားသေဆုံး Reviewed by THITHTOOLWIN on 17:21 Rating: 5
Powered by Blogger.