တောင်ကိုရီးယား အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ကျုံ အန်၏ နှမ အရင်းဖြစ်သူ တက်ရောက်မည်


ဆိုးလ်၊ ဖေဖော်ဝါရီ ၇ ။

တောင်ကိုရီးယားနိုင်ငံ Pyeongchang. မြို့မှာ ဖေဖော်ဝါရီလ ၉ ရက်ကျရင်စတင်ကျင်းပမယ့် ၂၀၁၈ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ကျုံ အန် Kim Jong-un ရဲ့ နှမ အရင်းဖြစ်သူ ကင်ရိုဂျွန်း Kim Yo-jong,တက်ရောက်မှာဖြစ်တယ်လို့ တောင်ကိုရီးယားဝန်ကြီးများကပြောကြောင်း ယနေ့၊ ဖေဖော်ဝါရီလ ၇ ရက် BBC သတင်းတွင်ဖော်ပြပါတယ်။

ကင်ရိုဂျွန်းဟာလက်ရှိ မြောက်ကိုရီးယားအဏာရပါတီဖြစ်တဲ့ အလုပ်သမားပါတီရဲ့ အကြီး အကဲတစ်ဦးလည်းဖြစ်ပါတယ်။ ကင်ရိုဂျွန်း ဟာ မြောက်ကိုရီးယားနိုင်ငံ ကို စဉ်ဆက်မပြတ်အုပ်ချုပ်လာတဲ့ ကင် မျိုး ဆက်တွေထဲမှာ တောင်ကိုရီးယားမှာကျင်းပတဲ့ အခမ်းအနားတစ်ခုကို ပထမဆုံးတက်ရောက်တဲ့ အမျိုးသမီးတစ်ဦးလည်းဖြစ်ပါတယ်။


ကင်ရိုဂျွန်းကို ၁၉၈၇ ခုနှစ်မှာ မွေးဖွားခဲ့တယ်လို့ ယူဆရပါတယ်။ သူဟာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-il ရဲ့ သမီး အရင်းဖြစ်သလိုလက်ရှိ မြောက်ကိုရီးယားခေါင်းဆောင် ကင်ကျုံအန်ရဲ့ နှမ အရင်းလည်းဖြစ်ပါတယ်။ သူဟာ သူ့အစ်ကိုထက် လေးနှစ်ငယ်ပေမယ့်သူ့အစ်ကို နဲ့ နီးစပ်မှုရှိတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

ကင်ရိုဂျွန်းဟာ အလုပ်သမားပါတီ အတွင်းရေးမှူး Choe Ryong-hae ရဲ့ သားနဲ့လက်ထပ်ခဲ့ပါတယ်။

သူ့ရဲ့ အဓိက တာဝန်က သူ့အစ်ကို ကင်ကျုံအန်ရဲ့ ပုံရိပ်ကို မထိခိုက်ဖို့ ပါတီ စည်းကမ်းနဲ့ အညီ ကာကွယ်ပေးရတာပဲဖြစ်ပါတယ်။ သူဟာလည်း လူ့အခွင့် အရေး ချိုးဖောက်မှုနဲ့ အမေရိကန် အစိုးရရဲ့ အမည်ပျက်စာရင်း သွင်းခံထားရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

နှမဖြစ်သူကို တောင်ကိုရီးယားကိုစေလွှတ်တာဟာ ကင်ကျုံအန်အနေနဲ့တောင်ကိုရီးယားနဲ့ဆက်ဆံရေးတိုးမြှင့်နိုင်ဖို့ရည်ရွယ်လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ယူဆကြသူတွေလည်းရှိပါတယ် ။ အချို့ကတော့
ကင်ရိုဂျွန်းဟာ အစ်ကိုဖြစ်သူထံကနေ တောင်ကိုရီးယားခေါင်းဆောင်တွေအတွက် စကားလက်ဆောင်တစ်ခုခုယူဆောင်လာ လေးမလားဆိုပြီး မျှော်လင့်နေကြပါတယ်။ ဂျပန် နဲ့အမေရိကန် ကတော့ အခုလိုလုပ်ဆောင်မှုဟာ မြောက်ကိုရီးယားရဲ့ နိုင်ငံရေးလှည့်ကွက်တစ်ခုလို့သာဖြစ်တယ်လို့ ရှုမြင်ထားကြပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ကျင်းပမယ့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာတော့ တောင်-မြောက် နှစ်နိုင်ငံ ကအားကစားသမားတွေဟာ အလံတစ်ခုထဲအောက်မှာ စုပေါင်းချီတက်ကြမယ်လို့ဆိုပါတယ်။

ကိုမျိုး
PHOTO - BBC
The Asia Heart News (facebook)
တောင်ကိုရီးယား အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ကျုံ အန်၏ နှမ အရင်းဖြစ်သူ တက်ရောက်မည် တောင်ကိုရီးယား အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ကျုံ အန်၏ နှမ အရင်းဖြစ်သူ တက်ရောက်မည် Reviewed by THITHTOOLWIN on 21:56 Rating: 5
Powered by Blogger.