အိန္ဒိယနိုင်ငံ နယ်စပ်၌ သေနတ်ပစ်ခတ်မှုကြောင့် လူ ၄ ဦး သေဆုံးကြောင်း တာဝန်ရှိသူများ ပြောကြား

အိန္ဒိယနိုင်ငံ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် ဇန်နဝါရီလ ၁၉ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အရပ်သား တစ်ဦးအား ရဲတပ်ဖွဲ့ဝင်များက ကယ်တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
 နယူးဒေလီ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

    အိန္ဒိယနိုင်ငံဖက်က ထိန်းချုပ်ထားသော ဂျာမူးပြည်နယ်နှင့် ကက်ရှ်မီးယား နယ်စပ်ဒေသတွင် ဖေဖော်ဝါရီလ ၄ ရက်က ပါကစ္စတန်စစ်တပ်နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အိန္ဒိယ စစ်သား ၃ ဦးနှင့် အရာရှိ ၁ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ ပစ်ခတ်မှုအတွင်း စစ်သား တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ယင်း သတင်းရင်းမြစ်က ပြောခဲ့သည်။

ထို နယ်စပ် ပစ်ခတ်မှုနှင့် ပတ်သက်၍ ပါကစ္စတန်နိုင်ငံဘက်မှ တစ်စုံတစ်ရာ ပြောကြားထားခြင်း မရှိသေးကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com
အိန္ဒိယနိုင်ငံ နယ်စပ်၌ သေနတ်ပစ်ခတ်မှုကြောင့် လူ ၄ ဦး သေဆုံးကြောင်း တာဝန်ရှိသူများ ပြောကြား အိန္ဒိယနိုင်ငံ နယ်စပ်၌ သေနတ်ပစ်ခတ်မှုကြောင့် လူ ၄ ဦး သေဆုံးကြောင်း တာဝန်ရှိသူများ ပြောကြား Reviewed by THITHTOOLWIN on 16:42 Rating: 5
Powered by Blogger.